ကျွန်ုပ်တို့လူသားများကိုခွဲခြားဝေဘန်ကြည့်လိုက်လျှင်
ဘုံဘ၀အပေါ်မှာတွယ်တာတပ်မက်ပြီး ဒီဘ၀လည်းငါ
နောက်ဘ၀လည်းငါပဲ ၊ ငါကောင်းတာလုပ်က ငါပဲကောင်းကျိုးခံစားရမည်
၊ငါမကောင်းတာလုပ်ခဲ့လျှင် ငါသာခံစားရချေမည်ဟု နှလုံးပိုက်ကာ
သံသရာခရီးကောင်းစားရေးအတွက်သာ လုံ့လကြိုးကုတ်ပြီး ဒါနသီလအမှုတွေကို
အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တစ်မျိုးရှိ၏။ ဒီနေရာမှာ ယင်းပုဂ္ဂိုလ်၏ အတ္တဒိဋ္ဌိ
သဿတဒိဋ္ဌိမည်မျှထိကြီးမားသည်ကိုသိလိုလျှင် လှုဒါန်းပေးကမ်းမှု၏ ရည်ရွယ်ချက်များကို
တီးခေါက်စုံစမ်းကြည့်လျှင်ပင် အလွယ်တကူသိနိုင်၏။
တပည့်တော်နောင်ဘဝ
ကားကောင်းကောင်းစီးရအောင် ယာနဒါနပြုပါရစေဘုရားဆိုတာမျိုး ဖိနပ်လှုပါရစေဆိုတာမျိုး
၊နောက် မိမိက၀က်သား၊ကြက်သားနှစ်သက်သူဖြစ်တာကြောင့်
ဘ၀ဆက်တိုင်းဒီလိုဟင်းကောင်းဟင်းလျာများသာစားနိုင်ရဖို့ ရည်ရွယ်ပြီး
ယင်း၏အကြိုက်နှစ်သက်ဆုံးအလိုချင်ဆုံး အရာမျာကိုလှုဒါန်းရင်း
သံသရာရိက္ခာအတွက်စုဆောင်းလေ့ရှိကြ၏သူများပင် ရှိသေး၏။
မည်သည့်ရည်ရွယ်ချက်ဖြင့်ပင်လှုသည်ဖြစ်စေ
အလှုခံပုဂ္ဂိုလ်များအဖို့ အကျိုးရှိသည်သာတည်း
သို့သော် အကျိုးဖွင့်ဖြိုးကြီးမားလှ၏ဟူ၍ကား
မဆိုနိုင်သေးပေ -
ဥပမာ..... နောင်ဘ၀ပညာပါရမီ
၊ညာဏ်ကြီးရှင်ဖြစ်ဖို့ဆိုကာ ယခုမျက်မှောက်သံဃာများလိုအပ်နေသော စာအုပ်ဘောပင်
ခံတံစတာတွေ မလှုဒါန်းပဲ မိမိအတ္တအလိုလိုက်ကာ ပိဋကတ်စာအုပ်ကြီးများကို
ဗီရိုတွေထဲမှာသွားရောက်လှုဒါန်းခြင်းမျိုး ၊ ဆိုလိုသည်မှာ ကျောင်းတိုက်များ၌
ပိဋကတ်တော်များ မရှိသေး၍ တကယ်လိုအပ်နေချိန်မဟုတ်ပဲ
အခြားပိဋကတ်တော်များရှိပြီးဖြစ်ပါလျှင်
မိမိပညာပါရမီအဖြစ်သာရည်စူးပြီးလူဒါန်းခြင်းမျိုးတည်း
နောက်
အလှုခံပုဂ္ဂိုလ်များသည် အချိုမကြိုက် သို့သော် မိမိကအချိုကိုနှစ်သက်သူဖြစ်တာကြောင့်
အချိုကိုလှုဒါန်းပါက အလှုခံပုဂ္ဂိုလ်များလည်း မတတ်သာလို့သာအလှုခံဘုန်းပေးကြရ၏
ပီယမနာပ အာဟာရသပ္ပါယကားမဖြစ်ပေ။
ထို့ကြောင့် ယင်းတို့မျှော်လင့်တောင်းတသကဲ့သို့
မိမိသံသရာမှာ သာယာနှစ်သက်ဖွယ်အရာများလည်းရချင်မှ ရပေလိမ့်မည်။
အတ္တကိုဦးတည်သည့် အလှုရှင်မဟုတ်ခဲ့မူကာ မိမိစိတ်ဆန္ဒနှင့်
သံသရာခရီးမျှော်လင့်ချက်ကိုရှေ့တမ်းမတင်မူ၍ အလှုခံပုဂ္ဂိုလ်များထံသွားကာ အမှန်တကယ် လိုအပ်သည့်အရာများကိုသာ
လူဒါန်းလေ့ရှိကြပေသည် ။ထို့ကြောင့် မိမိတို့၏ ဒါနစသော ကုသိုလ်ကောင်းမှုမျာကို
သဿတဒိဋ္ဌိလောင်းရိပ်အောက်ကဖောက်ထွက်ကာ ၀ိဝဋ္နနိဿိတဒါန သံသရာမလည်ကြောင်း
အလှုဒါန/သံသရာမလည်ကြောင်း သီလအဖြစ်ပြုလုပ်တတ်ကြဖို့ အရေးကြီးလှပေ၏။ ယင်းသဿတဒိဋ္ဌိအားကြီးသူတို့သည်လည်း
အချောင်သက်သက် ဘုရားပွင့်ချိန်နှင့်များ ငါတို့တွေ့ရပါက
ဘုရားကငါတို့ကိုကယ်မသွားလေမလား ချေချွတ်သွားလေမလားမျှော်လင့်ချက်ဖြင့်ပင်
ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရားရှင်တို့နှင့်လွဲခဲ့ရသည်ချည်းသာတည်း ၊
ဘုရားရှင်ချေချွတ်ထိုက်သူဟူသည် ရုပ်နာမ်ခန္ဓာကို အထိုက်လျောက်နားလည်နိုင်သော
ပင်ကိုယ်ညာဏ်ရှိကာ ပညာမျက်စိနှင့်ကိလေသာမြူနည်းပါးသူတို့ကိုသာတည်း
၊မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် ကျင့်ကြံကြိုးကုတ် အားထုတ်ရမည်က မိမိတို့တာဝန်သာ
မြတ်ဗုဒ္ဓက နည်းပေးလမ်းပြသက်သက်သာ ဟု အတိအလင်းဟောကြားထားတော်မူချက်ကား
အထင်အရှားရှိပေ၏။ ထိုသဿတသမားများသည် ၀ိပဿနာအလုပ်မှာတော့ ဖြစ်ချုပ်သိမြင်အောင် အားမထုတ်ချင်ပဲ သားသမီး စည်းစိမ်ဥစ္စာကိုတွယ်တာမက်မောပြီး
သဿတဒိဋ္ဌိတောအုပ်မှာသာ သံသရာရိက္ခာ ဒါနသီလလောက်စုဆောင်းကာ
အချိန်ကုန်နေကြရသူတို့ဖြစ်ပေ၏။
နောက်ပုဂ္ဂိုလ်တစ်မျိုးကား လောကကြီးအတွက်
အလွန်အင်မတန်အန္တရာယ်များသည့် ဥစ္ဆေဒဒိဋ္ဌိသမားများပင်တည်း ။ ယင်းတို့ကား
အကြောင်းအကျိုးကိုပယ်ထားကြပြီး "မြတ်ဗုဒ္ဓပင်လျှင် သတ္တ၀ါသေပြီးနောက်မှာ
ရှိမရှိမဟောခဲ့ပါပဲလျှက် ရဟန်းတော်များက နောင်ဘ၀ ငရဲရှိတယ် တိရစ္ဆာန်ရှိတယ်ဟု
ဟောကြားကြဘိ၏"ဟု မိမိအယူအတိုင်း စွဲယူသုံးသပ်ကာ ပုတ်ခတ်ကြကုန်၏။ သို့သော် မိမိအယူအဆနှင့်သာ ဘုရားတရားဒေသနာများကိုချဉ်းကပ်ကာ မြတ်ဗုဒ္ဓမျက်နှာကို အိုးမဲသုတ်ကြသူများသာတည်း ၊အမှန်တကယ်ဟောကြားပြသထားသည့် ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာများကို ဟိတ်လုံးဟန့်လုံးများဟုသာ ထင်မှတ်နေကြကုန်ဘိ၏။
ဒီလူမျိုးတွေကို ကျွန်ုပ်မေးခွန်းတစ်ခုမေးမြန်းချင်စိတ်ဖြစ်ပေါ်မိသည်ကားအမှန်ပင်
။ ဒါဆိုရင် အသင်သည် နောင်ဘ၀ရှိသည်ကို လက်မခံဘူး ဘ၀ဆိုတာ သေလျှင်ပြတ်၏ဟု
သဘောကျပါသလား ၊ရှေးအတိတ်ကံကြောင့်မဟုတ်မူ၍ မိဘနှစ်ပါးကြောင့်သာ လူဖြစ်လာရပေ၏ဟု လက်ခံယူဆထားပါသလား
။ ဒါမှမဟုတ် ငါဆိုတာအရှိတရားမဟုတ် အတိတ်ဘ၀ကဒါနသီလပြုခဲ့သူသည် ငါမဟုတ်မူ၍
ဒီဘ၀လူဖြစ်ရခြင်းသည်လည်း ၄င်းနှင့်လုံးလုံးမသက်ဆိုင် ဒီဘ၀ငါကောင်းကျိုးလုပ်လည်း
နောင်ဘ၀ငါမှမဟုတ်တော့ပဲ ။ငါဘာမှကောင်းကျိုးကုသိုလ်သီလလုပ်စရာမလိုဘူးဟုများ
ခံယူထားပါသလား ?
ယင်းသို့မေးမြန်းစုံစမ်းကြည့်ပါက ယင်းကဲ့သို့ အယူအဆရှိပါကြောင်း ပြန်လည်ဖြေကြားကြမည်သာဖြစ်ပေ၏။
ဟုတ်ပြီ ဒါဆို ခင်များက နောင်ဘ၀မရှိတော့ဘူးဆိုတော့
သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးခြင်း သူများမယားမတရားကျုးလွန်းခြင်းများ
ပြုလုပ်ရဲပါသလားဟုမေးက ။
လောကဥပဒေဖြစ်တဲ့
ထောင်တို့တရားရုံးတို့ရှိနေပါကြောင်း ၊လောကလူသားများကလက်မခံတာကို
သူမကျုးလွန်ရဲပါကြောင်းကိုတော့ပြန်ပြောမည်သာဖြစ်၏။
ဒါပေမယ့် ဒီနေရာမှာ တိကျတဲ့
ကောက်ချက်တစ်ခုဆွဲရမှာက ဒီလူစားမျိုးသည် ပတ်ဝန်းကျင်ကိုငဲ့ကွက်၍သာ
မကောင်းမှုကိုမပြုပဲနေသည် ၊ပတ်ဝန်းကျင်လည်းမသိနိုင်သော
၊ပတ်ဝန်းကျင်ကနားလည်မှုလွဲစွာခွင့်ပြုထားသော ဒုစရိုက်မကောင်းမှုမျိုးကား
ပြုမည့်သူကား ဧကန်အမှန်ပင်ဖြစ်၏ ၊ထို့ကြောင့် လောက၌ မယုံကြည်ထိုက်သော
အကျင့်သီလရှိသူထဲမှာ ထည့်သွင်းရေတွက်ရမည်မှာကား ဧကန်ပင် ။
နောက်တချက်ကား သေလျှင်ဘ၀ပြတ်သွားမည်သာဖြစ်၍
အထူးတလှယ် ဒါန၊သီလ၊ဘာဝနာများပွားများကာ
ဘ၀မှလွန်မြောက်ဖို့ကြိုးစားနေဖို့မလိုပါကြောင်းနဲ့ ရရှိလာတဲ့ဘ၀ကိုသာ
အကျိုးရှိရှိခံစားရင်း ပျော်ပျော်ပါပါးနေသင့်ပါကြောင်း ၀ါဒဖြန့်ရင်း
ကာမသုခလ္လိကာနုယောဂအကျင့်ထဲ တ၀ဲလည်လည်ဖြစ်နေမည်မှာဓမ္မတာတည်း။
ပညာညာဏ်ကြီးရင့်ပြီး ယင်းသဿတ
ဥစ္ဆေဒအစွန်းနှစ်ပါးနဲ့လွတ်အောင်နေထိုင်တတ်ကြသူမျာသာ ဒါနပြုရာမှာလည်း
လောဘမရောမစွက်သက်သက် စွန့်လွှတ်လှူဒါန်းခြင်းမျှသာ ၊ သီလစောင့်ရာမှာလည်း
သံသရာကောင်းကျိုးမမြှော်ကိုးပဲ မိမိကိုယ်တိုင်နှင့် မိမိနှင့်သက်ဆိုင်ရာ
သတ္တ၀ါအများ ကိုယ်စိတ်နှစ်ပါးချမ်းသာစေချင်းအကျိုးနှင့် သီလတည်းဟူသောမြေပေါ်မှာရပ်ပြီး
သမာဓိပညာတစ်ဆင့်တက်ကာကျင့်ကြံနိုင်ဖို့ အတွက်
မိမိကိုယ်ကျင့်တရားကို
ကြိုးစားဖြည့်ကျင့်ပြီး ကံလမ်း ၊ဈာန်လမ်းမဖက် ညာဏ်လမ်းဖြင့်
လောကမှထွက်မြောက်နိုင်အောင် ၀ိပဿနာများ ကြိုးစားပွားများအားထုတ်ကြကုန်၏ ။
ထိုပုဂ္ဂိုလ်များသာ
အစွန်းနှစ်ပါးမှလွတ်အောင်သွားနိုင်၍ ခရီးအဆုံးပေါက်မြောက်ကာ
နိဗ္ဗာန်ဆိုတဲ့ရွှေမြို့တော်ကြီးရောက်ကာ ဒုက္ခခပ်သိမ်းငြိမ်းကြရပေ၏။ ယင်းအကြောင်းကို
ရှင်းလင်းပြတ်သားစွာသိမြင်ကြစေဖို့ အောက်ပါသုတ်တော်မှာ မြတ်ဗုဒ္ဓမှ
ရှင်းလင်းဟောပြတော်မူခဲ့ပေ၏။
………………………………………..
ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့်
နှိပ်စက်ခံရသော နတ်လူအချို့တို့သည်
တွန့်တိုဆုတ်နစ်ကုန်၏။
အချို့တို့သည်ကား
လွန်၍ ပြေးသွားကုန်၏။
စက္ခုအမြင်ရှိသူတို့သည်ကား
မဇ္ဈိမပဋိပဒါဖြင့် မျက့်မှောက်ပြုနိုင်ကုန်၏။
ရဟန်းတို့
အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း?
ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာ
ရှိကုန်၏။ ဘဝ၌ မွေ့လျော်တတ်ကုန်၏။ ဘဝ၌ နှစ်သက်တတ်ကုန်၏။ ထိုသူတို့အား
ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော်
စိတ်သည်
မသက်ဝင်
မကြည်လင်
ကောင်းစွာ
မတည် နှလုံးမသွင်း၊
ရဟန်းတို့
ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏။
ရဟန်းတို့
အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း?
အချို့သူတို့သည်
ဘဝဖြင့်ပင် ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌ စက်ဆုပ်ကုန်သည်ဖြစ်၍
ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏။
အချင်းတို့ အကြင့်ကြောင့် ဤအတ္တသည်
ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌
ပြတ်၏။
ပျက်စီး၏။
သေသည်မှ
နောက်၌ မဖြစ်တော့၊
ဤတရားသည်
ငြိမ်း၏။
ဤတရားသည်
မြတ်၏။
ဤတရားသည်
မဖောက်မပြန်မှန်ကန်သော သဘော ရှိ၏။
ရဟန်းတို့
ဤသို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်၏။
ရဟန်းတို့ အဘယ်သို့လျှင်
စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း?
ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်၏။
ဟုတ်မှန်သော
ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို
ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ကျင့်၏။
ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသောသူတို့သည်
မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။
ထိုသုတ်၌
ဤအနက်သဘောကို -
''အကြင်သူတို့သည်
ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့်
ဟုတ်မှန်သော
ခန္ဓာငါးပါးကို လွန်မြောက်လျက် ဘဝတဏှာကုန်ခြင်းကြောင့်
ဟုတ်မှန်သော
နိဗ္ဗာန်ကို (အာရုံပြု၍) ကိလေသာမှ လွတ်မြောက်ကုန်၏။
ခန္ဓာငါးပါးကို
ပိုင်းခြား၍သိသော ဘဝကြီးငယ်၌ တဏှာကင်းသော
ထိုရဟန်းသည်
ခန္ဓာငါးပါး၏မဖြစ်ခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်''ဟု
ဤဂါထာဖြင့်
ဆိုအပ်၏။
(ဒိဋ္ဌိဂတသုတ်-ဣတိဝုတ်ပါဠိတော်)
No comments:
Post a Comment