ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။ ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါဿုက္ကော မာတင်္ဂရညေ၀ နာဂေါ။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ။ (ဓမ္မပဒ)
Subscribe to:
Post Comments (Atom)
Blog Archive
-
▼
2012
(144)
-
▼
April
(22)
- နေမိဇာတ်တော်လာ ငရဲကျခံရသူတို့အကြောင်း တစေ့တစ်ဇောင်း
- *ကောလဟလ နှင့် မောနေယျအကျင့်*
- အစွန်းရောက်ဝါဒီများနှင့် ဘုရားလမ်းစဉ်
- အရက်သမားသောတာပန်ကြီး
- ၀တ်ကြောင်ကိုလွတ်အောင် မရုန်းနိုင်ကြသူများအတွက်
- သတိလက်လွတ်ဖြစ်နေကြသော ရဟန်းများနှင့် ဘုရားရှင်
- ပြင်ပအာရုံ ကာမဂုဏ်တို့၌ မကန်းသော်လည်း အကန်းကဲ့သို့……
- ထောင်ချောက်မိသူများ
- ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ်ကိုယ်လုပ်
- ဗောဇ္ဈင်(၇)ပါး ပွားများစေချင်
- မဖြေရခြင်း အကြောင်းရင်း…
- Malaysian Government demolish Buddhist Temple
- ဘ၀မကူးခင် မျက်မှောက်ဘ၀မှာကိုခံရမှာ ဆိုတဲ့ ဒိဋ္ဌဓမ္မ၀ါ...
- ဆင်းရဲမွဲတေရခြင်း အကြောင်းရင်း
- ကံအယူမစင်ကြယ်က သေချာပေါက်အပါယ်ကျနိုင် …….
- မြတ်ဗုဒ္ဓသည် မျက်နှာလိုက်တော်မူသလော….
- ၀တ်ပြုဆုတောင်းရုံနဲ့ အပြစ်က လွတ်နိုင်ပါသလား ...
- ရဲသော်မသေ သေသောငရဲလားသူများ...
- ပြည်သူချစ်တဲ့ အနုပညာသည်များ....
- နည်းနာနိဿျ ကွဲပြားကြသော်လည်း လက္ခဏာရေးသုံးတန် ရှုကွ...
- *သာသနာပြင်ပ အားကျသူများ*
- ရဟန်းတော်တို့ ထားရှိရမည့် စိတ်ထားများ
-
▼
April
(22)

Dhamma Garden တရုတ်ဗုဒ္ဓဘာသာတစ်ယောက်ကို မေးကြည့်တာတော့ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသောကျောင်းများကို ဖျက်ဆီးတာဖြစ်တယ်လို့ သိရပါတယ်။
ReplyDeleteလင်္ကာ အရှင်
အကြောင်းရင်းမှန်ကိုသိဖို့ကအဓိကကျပါသည် တရားမ၀င်ဖြစ်နေရင်တော့ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆိုင်ပါလိမ့်မည် ဘုရားရှင်ကိုယ်တော်တိုင် အရှင်ဓနိယရဲ့ကျောင်းတော်ကို သွားရောက်ဖျက်ဆီးကြဖို့ ညွှန်ကြားတော်မူဖူးတာဝိနည်းပါဠိတော်မှာ တွေ့ရပါတယ်
ကျောင်းကိုဖျက်ဆီးစေခြင်းနှင့်ပတ်သက်၍ ၀ိနည်းပါဠိတော်မှာ ဤသို့တွေ့ရ၏ ..အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ကိုယ်တိုင် ရွှံ့ကို နယ်၍ အလုံးစုံ မြေညက်ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုပြီးလျှင် မြက် ထင်း နွားချေးတို့ကို စုဆောင်း၍ ထိုကျောင်းငယ်ကို (မီး) ဖုတ်၏၊ ထိုကျောင်းငယ်သည် အလွန်လှပ၏၊ ရှုဖွယ်ကောင်း၏၊ ကြည်နူးဖွယ်ကောင်း၏၊ နီရဲသောအဆင်းရှိ၏၊ သိကြား ကွမ်းသွေးကောင်၁ နှင့်တူ၏၊ ထိုကျောင်းငယ်၏ အသံသည် ခြူ ဆည်းလည်းသံနှင့်တူ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများစွာတို့နှင့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာရာ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသော ကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော ထိုကျောင်းငယ်ကို မြင်တော်မူသောကြောင့် ''ရဟန်းတို့ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသောကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော သိကြားကွမ်းသွေးကောင်နှင့်တူသော ထိုအရာဝတ္ထုသည် အဘယ်နည်း''ဟု ရဟန်းတို့ကို မေးတော်မူ၏၊ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။
''ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။
ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် အဘယ့်ကြောင့် အလုံးစုံ မြေညက် ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုလေဘိသနည်း။
ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား သတ္တဝါတို့၌ အစဉ်စောင့်ရှောက်ခြင်းအစဉ်သနားခြင်း မညှဉ်းဆဲလိုခြင်းသည် အဘယ့်ကြောင့် မဖြစ်လေဘိသနည်း။
ရဟန်းတို့ သွားကြကုန်လော့၊ ထိုကျောင်းငယ်ကို ဖျက်ဆီးကြကုန်လော့၊ နောင်လာနောက်သားများသည် သတ္တဝါများအပေါ်၌ ညှဉ်းဆဲနှိပ်စက်ခြင်းသို့ မရောက်စေလင့်။
ရဟန်းတို့ အလုံးစုံ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအားဒုက္ကဋ် အာပတ် သင့်၏ဟု'' (မိန့်တော်မူ၏)။
ထိုရဟန်းတို့သည် ကောင်းပါပြီ အသျှင်ဘုရားဟု မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ထို ကျောင်းငယ် သို့ချဉ်းကပ်၍ ဖျက်ဆီးကုန်၏။
ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ထိုရဟန်းတို့အား-
''ငါ့သျှင်တို့ သင်တို့သည် ငါ၏ ကျောင်းငယ်ကို အဘယ့်ကြောင့် ဖျက်ဆီးကြသနည်း''ဟု (မေးလျှောက်၏)။
ငါ့သျှင် မြတ်စွာဘုရားသည် ဖျက်စေပါသည်ဟု (ဆိုကြကုန်၏)။
ငါ့သျှင်တို့ တရားရှင် (ဘုရား) သည် အကယ်၍ ဖျက်စေပါလျှင် ဖျက်ကြပါလော့ဟု (လျှောက်၏)။
(ဒုတိယပါရာဇိက-ပါရာဇိကဏ် ပါဠိတော်)
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တီု့သည် မိမိသေချာဃနမသိရှိရသော အကြောင်းကိစ္စများမှာ အဝေဖန်မစောမိဖို့ အလွန်အရေးကြီးလှပေ၏