Friday, April 27, 2012

နေမိဇာတ်တော်လာ ငရဲကျခံရသူတို့အကြောင်း တစေ့တစ်ဇောင်း


       ရေဒီယို ဓမ္မဗီဒီယိုမှ မင်းကွန်းဆရာတော်ကြီးဟောကြားထားတော်မူခဲ့တဲ့ တရားတော်များမှ ဇာတ်ကြီးဆယ်ဘွဲ့ မဟာဗုဒ္ဓ၀င်ကိုနာယူကြည်ညိုရတာ အရမ်းအားရ၀မ်းသာဖြစ်မိတယ် ၊ မိမိ၏ဓမ္မမိတ်ဆွေများကိုလည်း အချိန်ပေးပြီး နာကြားကြည့်ကြဖို့လည်း တိုက်တွန်းပါတယ် ၊ဒါပေမယ့် ရှည်လျားလှတဲ့အတွက် အစအဆုံးအချိန်ပေးမနာယူနိုင်ကြသူများအတွက် သိသင့်သိထိုက်သော နေမိဇာတ်တော်လာ ငရဲခန်းများအကြောင်းကို ရွေးနှုတ်တင်ပြပေးလိုက်ရပါတယ် ။နေမိဇာတ်တော်ကိုအပြည့်အစုံ နာယူကြည်ညိုလိုပါကလည်း ဒီနေရာမှ မှာသွားရောက် နာယူနိုင်ကြပါတယ် ။ သူတော်စဉ်အားလုံး တရားဓမ္မများ၏ အနှစ်သာရများကို ခံစားနိုင်ကြပါစေ။
    အရှင်ဝိမလာလင်္ကရ(မုံရွာ)

         ငရဲဘုံ၌ ဤ (၁၅)ခန်းမျှသာ ရှိသည်မဟုတ်ပေ ၊ နေမိမင်းကြီးသာ စုံစေ့အောင်လိုက်လံကြည့်ရှုခဲ့ပါက အသက်သာဆုံးသွားမည် ငရဲခန်းများကား ကုန်နိုင်မည်မဟုတ်ဟု သဘောပေါက်ကာ ရှေးဘ၀ ၊ နောက်ဘ၀ နှင့် ကံ ကံ၏အကျိုးတရားများအား ယုံကြည်လက်ခံပြီး မိမိတို့၏ သံသရာခရီး၌ အမှားအယွင်းကင်းစွာ ဖြတ်သန်းနိုင်ကြပါစေ။ သဒ္ဓါတရားတိုးပွားဖွယ် နေမိမင်းကြီး၏ နတ်ဘုံနတ်နန်းများအား လှည့်လည်ကြည့်ရှုခဲ့ပုံများကိုလည်း ဆက်လက်နာယူကြည်ညိုကြည့်ကြစေလိုပါသည်။

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..