ဆူညံမှူသည် သမာဓိ၏ ငြောင့်တံကျင်
လူသံဆူသံဟာ ပထမဈာန်သမာဓိရဲ့ အနှောက်အယှက် ညှောင်တံကျင်ဖြစ်တာကြောင့် မိန်းမသံ၊ယောက်ျားသံဆင်သံမြင်းသံစတဲ့ အသံဗလံဆူညံနေသော ရွာနီးအစပ်ကိုမစွန့်ခွါပဲ အာဏာပါနသတိကမ္မဋ္ဌာန်းကို ပြီးစီးပေါက်မြောက်အောင် အားထုတ်နိုင်ဖို့ မလွယ်ကူ၊ ထို့ကြောင့် ဘုရားရှင်က ဣဓ၊ ဘိက္ခဝေ၊ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ လို့ မဟာသတိပဋ္ဌာနသုတ်မှာ တရားရှုမှတ်ဖို့ သင့်လျှော်တဲ့နေရာကို
ပြဆိုပေးထားတော်မူခြင်းဖြစ်၏။
(အာနာပါနဿတိကမ္မဋ္ဌာနံ ဣတ္ထိပုရိသဟတ္ထိအဿာဒိသဒ္ဒသမာကုလံ ဂါမန္တံ အပရိစ္စဇိတွာ န သုကရံ သမ္ပာဒေတုံ၊ သဒ္ဒကဏ္ဍကတ္တာ ဈာနဿ)
ဘုရားရှင်တော်မြတ်သည် အခါခပ်သိမ်း တိတ်ဆိတ်ငြိမ်သက်သော ပရိတ်သတ် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မှာသာ သီတင်းသုံးတော်မူခဲ့လေသည်။ သာမညဖလသုတ္တာန်မှာ အဇာတသတ်မင်း ဘုရားရှင်ထံချဉ်းကပ်လာတော့ သံဃာထောင့်နှစ်ရာ့ငါးဆယ်သော ဘုရားရှင်၏ပရိတ်သတ်သည် အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး ချောင်းဆိုးသံ နှာချေဆတ်သံမျှပင်မကြားရသောကြောင့် ဘုရားရှင်နှင့်သံဃာတော်တို့သီတင်းသုံးရာဌာနမှ ဟုတ်ပါလေစ။ ဆေးဆရာဇီဝကသည် ငါ့အားလုပ်ကြံရန်အကြံဖြင့် လီဆယ်၍ ခေါ်လာလေသလား ဟုပင် သံသယအတွေးများ ၀င်ရောက်ခဲ့ရဖူးပါသတဲ့။ တခါတရံ ဘုရားကိုယ်တော်မြတ်သည် တိတ္ထိပရိဗိုဇ်တို့ကျောင်းအရံသို့ တရားဟောပြတော်မူရန်ချဉ်းကပ်ရာမှာလည်း တိတ္ထိတို့သည် ဘုရားကြွရောက်လာတာကိုမြင်သည်နှင့် “ရဟန်းကြီးဂေါတမသည် ဆိတ်ငြိမ်သောအရပ် ပတ်ဝန်းကျင်ကိုသာ ချဉ်းကပ်သင့်၏ဟု မှတ်ထင်တော်မူ၏။ ထိုသို့ ရဟန်းကြီးဂေါတမချဉ်းကပ်လာသဖြင့် ငါတို့တွေလည်း စိန်နားကပ်အရောင်ကြောင့် ပါးပြောင်ကာ ဂုဏ်တက်ကာ လူအများလည်းချဉ်းကပ်သင့်၏ဟု မှတ်ထင်လာကြနိုင်၏။ မည်သူမျှ စကားမဆိုကြပါနှင့်”ဟု ဆိုကာ တုတ်တုတ်မျှပင်မလှုပ်ရဲကြဟု မှတ်သားရဖူးလေသည်။
အချုပ်ဆိုရသော် ဘုရားရှင်သည် ကာယ၀ိဝေကဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နားအေးပါးအေးနေရာ၊ စိတ္တ၀ိဝေကဆိုတဲ့ ဈာန်ချမ်းသာမဂ်ဖိုလ်ချမ်းသာနဲ့ ၊ဥပဓိဝိဝေကဆိုတဲ့ နိဗ္ဗာန်ချမ်းသာတို့ကိုသာ မြတ်နိုးစွာခံစားတော်မူခဲ့သည်ဟု နားလည်ရပေမည်ဖြစ်၏။
သတ္တ၀ါအပေါင်းအားတရားပြတော်မူလို၍ အရပ်ဒေသတို့သို့ လှည့်လည်ကြွချီရင်း တခါသော် ဘုရားအလိုအကြိုက်ကိုမသိနားမလည်ကြသော သတိမမူမိကြသော ကျေးရွာလေးတစ်ခုသို့ရောက်တော်မူခဲ့ရာ ထိုရွာသူရွာသားများ၏ ကြွက်စီကြွက်စီ ဆူညံနေကြသောအသံကိုကြားရတော်မူ၍ ဘုရားကျောင်းတော်သို့အ၀င်ခံတော်မမူခဲ့ကြောင်းလည်း မှတ်သားရဖူး၏။
............................
နာဂိတသုတ်……
ဘုရားရှင်သည် နောက်ပါ ရဟန်းသံဃာများစွာတို့နှင့်တကွ ဒေသစာရီလှည့်လည်တော်မူရင်း ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာအနီးသို့ ညနေချမ်းအခါမှာ ဆိုက်ရောက်တော်မူလာပြီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏၊
ထိုသတင်းသည် ညတွင်းချင်းပင် တောမီးပမာပျံ့ နှံ့သွားပြီး ညတွင်းချင်းပင် ဘုရားရှင်နှင့်သံဃာတော်များအားလှူဒါန်းကြဖို့ ရွာလုံးကျွတ်စိုင်းပြင်းကြလေတော့၏
နံနက်လင်းအားကြီးရောက်သောအခါ ရွာသူရွာသားများသည် အုတ်အုတ်ကျက်ကျက်ဆူဆူညံညံဖြင့် လှူဒါန်းဖွယ်တို့ကိုယူဆောင်လာကြကုန်လျှက် ဘုရားရှင်နှင့်သံဃာတော်များအားဆွမ်းဆက်ကပ်ကြဖို့ ရောက်လာကြတော့၏။ သို့သော် .............ထိုရွာသူရွာသားများသည် မြတ်စွာဘုရားမည်သို့သီတင်းသုံးနေထိုင်တော်မူလိုသည်ကို မသိကြချေ။ ဂရုလည်းစိုက်မိကြပုံမရချေ ။ဣစ္ဆာနင်္ဂလတစ်တောလုံးပင် အုတ်အော်သောင်းနင်း ဆူညံနေတော့၏။
ထိုစဉ်က ဘုရားရှင်နောက်တော်ပါးက အလုပ်ကျွေးအဖြစ်ပါလာသူကား အရှင်နာဂိတမထေရ်တည်း။ ထိုအခါ၌ အသျှင်နာဂိတသည်မြတ်စွာဘုရားသည် အသျှင်နာဂိတအား
''နာဂိတ ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း''ဟုမေးတော်မူရာ …
အခြားသူတို့မဟုတ်ပါဘုရား ဘုရားအမှူးရှိသော သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ကြဖို့ ရောက်လာကြသော ဣစ္ဆာနင်္ဂလရွာသူရွာသားများဖြစ်ပြီး များစွာသောခဲဖွယ်ဘောဇဉ်တို့ဖြင့် ကျောင်းတိုက်တံခါးအဖွင့်ကိုစောင့်နေကြပါသည်
…ဟုလျှောက်ထားလိုက်၏။
ထိုအခါ ဘုရားရှင်သည် “နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့် အတူ မဆက်ဆံစေလင့်။
ကာမဂုဏ်မှထွက်မြောက်မှု 'နေက္ခမ္မ' သုခ၊
ကင်းဆိတ်မှု 'ပဝိဝေက' သုခ၊
ငြိမ်းအေးမှု 'ဥပသမ' သုခ၊
သိမှု 'သမ္ဗောဓ' သုခကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရနိုင်သော ငါဘုရားရှင်အား
ထိုမစင်ကြယ်မှု ချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကိုအလိုမရှိပေ..ဟုဆိုကာ ထိုသို့ဆူညံနေသော ပရိတ်သတ်ထုကြီးအား ပြန်လွှတ်လိုက်ရန်မိန့်တော်မူလိုက်လေသည်။
အရှုင်နာဂိတလည်းအခက်တွေ့သွား၏။ စောစောကပင် ရွာသူရွာသားများက “ဆွမ်းဆက်ကပ်လိုလှပါပြီဘုရား ကျောင်းဝင်းတံခါးဖွင့်ပေးတော်မူပါ”ဟု ခွင့်တောင်းရာ ဘုရားရှင်တော် ဂန္ဓကုဋိတိုက်တံခါး မဖွင့်သေးသဖြင့် ခေတ္တမျှစောင့်ဆိုင်းကြပါရန် ပြောခဲ့ရသေး၏ ။
ပရိတ်သတ်၏ အလိုက်မသိ ဆူညံနေမှူတို့ကြောင့် ဘုရားရှင်အားအနှောက်အယှက်ဖြစ်မည်စိုး၍ ကျောင်းတံခါးကိုမဖွင့်သေးပဲ။ ဘုရားရှင်ဂန္ဓကုဋိတိုက်တံခါးဖွင့်မှသာလျှင် ကျောင်းတံခါးဖွင့်ပေးမည်ဟု တွေးကြံထားကာမှ ဘုရားရှင်တော်က ထိုပရိတ်သတ်ကြီးအား ပြန်လွှတ်လိုက်ဖို့
မိန့်တော်မူနေလေပြီတည်း။
အမှန်တော့ ပရိတ်သတ်ကြီးသည် ဘုရားရှင်၏အလိုဆန္ဒတော်ကို မသိနားမလည်ရှာကြပေမည့် တစ်ညလုံးလုံးမအိပ်မနေစီမံချက်ပြုတ်၍ ဆောင်ယူလာကြရှာသော အာဂစေတနာရှင်များပါပေ။ ထိုဒါယကာဒါယိကာမတို့အားလည်း ဘုရားရှင်မျက်နှာလွှဲသွားတော်မူပါက ဗုဒ္ဓုပ္ပါဒ န၀မခဏအခွင့်ကောင်းကြီးလွတ်သွားကြမှာ ၊ဘုရားရှင်အပေါ်မှာသာ အမြင်စောင်းကာ ကဲ့ရဲ့ပြစ်တင်မိကြဦးမည်ဆိုပါက အကျိုးမဖက် အပြစ်သက်သက်သာဖြစ်ကုန်ကြဦးမှာကိုလည်း အရှုင်နာဂိတ ပြေးမြင်မိလေသည်။
ထို့ကြောင့် အရှင်နာဂိတသည် “ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ အသျှင်ဘုရားယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်၊ အသျှင်ဘုရား …..
ယခုအခါ၌ နိဂုံးသူနိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားကြွတော်မူလေရာရာအရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ အသျှင်ဘုရား…..
မိုးကြီးသည်းထန်စွာရွာသွန်း လတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးကျကြကုန်သကဲ့သို့ အသျှင်ဘုရားဤအတူသာလျှင် နိဂုံးသူနိဂုံးသား ဇနပုဒ်သူဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည်မြတ်စွာဘုရားကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါ ကြပါလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟူမူ -
မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ကြီးမားတော်မူခြင်းကြောင့်ဖြစ်ပါသည်ဟု
ထိုဘုရားအလိုတော်ကို မသိနားမလည်သော ရွာသူရွာသားများအား သည်းခံတော်မူပါရန် လျှောက်ထားလိုက်ရလေသည် ။
ထိုအခါ ဘုရားရှင်က
နာဂိတ ငါဘုရားသည် ရွာအနီးကျောင်း၌ အလွန်သမာဓိကောင်းစွာ ထိုင်နေသော ရဟန်းတော်တစ်ပါးကိုတွေ့မြင်ရလျှင်တောင်မှ မနှစ်သက်နိုင်ပေ အကြောင်းသော်ကား ဤအသျှင်ကို ထိုကျောင်းအရံကိုစောင့်ရှောက်သူကဖြစ်စေ၊ သာမဏေက ဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေနိုင်သောကြောင့်တည်း ။
တော၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရာ၌ကား ငါဘုရား၏ စိတ်၌ “ ဤအသျှင်သည် ဤအိပ်ငိုက်ခြင်းကြောင့်ဖြစ်သောပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်ကိုသာလျှင် နှလုံးသွင်းလိမ့်မည်''ဟု အကြံဖြစ်သောကြောင့်တည်း။
တော၌ မတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေ ရဟန်းကို တွေ့မြင်ရာ၌လည်း “ ဤအသျှင်သည် မတည်ကြည်သော စိတ်ကိုလည်း တည်ကြည်စေလိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟုကြံကာ နှစ်သက်၏။
တော၌ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေရဟန်းကို တွေ့မြင်ရာ၌လည်း ''ယခုအခါ၌ ဤအသျှင်သည် ကိလေသာ မကျွတ်လွတ်သေးသော စိတ်ကိုလည်း ကျွတ်လွတ်စေလိမ့်မည်၊ ကျွတ်လွတ်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟု ဤသို့ အကြံဖြစ်ကာ နှစ်သက်၏။
နာဂိတ ငါဘုရားသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရသော ရွာနီးကျောင်းနေ ရဟန်းတစ်ပါးကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်၏၊ တောစွန်ဖြစ်သောကျောင်းတို့ကို စွန့်၏၊ ရွာ နိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်၍ နေ၏၊ ထို့ကြောင့် ရွာနီးကျောင်းမှာသီတင်းသုံးနေသော ထိုရဟန်းကို ငါဘုရားမနှစ်သက်နိုင်ပေ။
နာဂိတ ငါဘုရားသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကိုရသော တောကျောင်းနေရဟန်းတစ်ပါးကိုတွေ့မြင်ရာ၌ကား နှစ်သက်မြတ်နိုးတော်မူ၏ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောဟူသောအကြောင်းကြောင့် တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်လွှတ်၊ တောစွန်ဖြစ်သောကျောင်းတို့ကို မစွန့်ပေ ။
နာဂိတ ခရီးရှည်သွားသော ငါဘုရားအား ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှမတွေ့မြင်ရသောအခါ အယုတ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ရသည်ပင် စိတ်ချမ်းသာရ၏…ဟု မိန့်ကြားတော်မူခဲ့လေသည်။ (အင်္ဂုတ္တိုရ် ၊ဆက္ကနိပါတ်၊နာဂိတသုတ်)
XXXXXXXXXXXXXXXXXXXXX
ကျွန်ုပ်တို့မျက်မှောက်ခေတ်သို့ရောက်လာသောအခါ၌ကား
တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်သည် ဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓုခေါ်ရလောက်အောင် အလွန်တိတ်ဆိတ်ငြိမ်သက် အေးချမ်းလွန်းလှ၏။ ဆရာတော်ဘုရားအား ဖူးမြော်ရန်ရောက်လာကြသော နိုင်ငံခြားသားတို့သည် ဆရာတော်ရှေ့မှာထိုင်နေကြသော သံဃာတော်များကို ရုပ်တုလေးများချထားလေသလားအောက်မေ့ရသည်ဟုပင် လျှောက်ထားခဲ့ဖူးသော ဟူ၏။
ထိုတောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားသည်လည်း အလှုအတန်းလာရောက်ကြသူ တကာတကာမအပေါင်းအား အတီးအမှုတ်အကအခုန်တို့ဖြင့်ဆူညံခြင်းကို ခွင့်မပြုချေ။ တခါသော် ဗန္ဓလသင်္ကန်းတိုက်မှ အလှူအတန်းပြုလုပ်ရာ၌ ဗန္ဓုလ၀င်းခင်းများ အတီးအမှုတ်များဖြင့်ကျောင်းပေါက်သို့ရောက်လာကြရာ ဆရာတော့်အလိုဆန္ဒကိုနားလည်ကြသော တကာများက ထိုအတီးအမှုတ်များကိုရပ်ကြရန်နှင့် ဆရာတော်ဘုရားမကြိုက်ကြောင်းပြော၍ တားမြစ်ပါသတဲ့။
ထိုအကြောင်းကိုဆရာတော်ဘုရားကြားရတော့ နံနက်သြ၀ါဒပေးသောအခါ မိမိသည် အတီးအမှုတ်များကို မနှစ်သက်သောကြောင့်သာတားမြစ်ရခြင်းမဟုတ်ပဲ ဘုရားကျောင်းကန်နှင့်မလျော်ကန်။ ဘုရားရှင်ပင်လျှင် ဆူညံသောပရိတ်သတ်ကို လက်မခံပဲမောင်းထုတ်ဖူးကြောင်းကိုသာ အများအမှန်နားလည်ဖို့ သြ၀ါဒပေးတော်မူခဲ့ဖူးပါသတဲ့။
ဒီတော့ တိတ်ဆိတ်ငြိမ်သက်သော လူသံဆူသံကင်းဝေးတဲ့နေရာများသည်သာ ရဟန်းတော်များအတွက်အလွန်သင့်လျှော်မွန်မြတ်ကြောင်း နားလည်ကြရမည်ဖြစ်၏။
XXXXXXXXXXXXXXXXXXXXX
သီရိလင်္ကာ ကိုလံဘိုမြို့ပြင်မှတောကျောင်းလေးသို့ အလည်ပတ်ခရီး
မိမိတို့သည် သီရိလင်္ကာ ကိုလံဘိုမြို့တွင်းမှာ ပညာရေးအတွက်
သီတင်းသုံးနေထိုင်ရင်း B.P.Uတက္ကသိုလ်သို့တက်ရောက်ပညာသင်နေရပေမည့် ကားသံလူသံဆူညံလွန်းသော ကိုလံဘိုမြို့ပြမှာ အလွန်ညည်းငွေ့နေမိလေသည်။ တခါတရံ မြန်မာနိုင်ငံတွင်းက မိမိမိဘဆွေမျိုးများနေထိုင်ကြရာ အလွန်တိတ်ဆိတ်အေးချမ်းသည့် တောရွာလေးသို့လည်း မျှော်မှန်းသတိရကာ လွမ်းမောမိသည်လည်းရှိ၏။ သေချာသည်ကား မြို့ပြနှင့်တောတောင်သဘာဝသည် ဇာတ်ပွဲစတိတ်ရှိုးနှင့် တရားရိပ်သာကဲ့သို့ ကွာချင်တိုင်းကွာနေမည်ကား မလွဲပေ။
ယခုဤပို့စ်အားရေးနေချိန်တွင် ပညာသင်မှူပြီးဆုံး၍မြန်မာနိုင်ငံသို့
ပြန်လည်ကြွရောက်သွားပြီဖြစ်သော အရှင်ပညောဘာသာလင်္ကာရ(အလင်္ကာပန်းဆက်)နှင့်အတူ စကားစမြည်ပြောဆိုမိရင်းက ဘုရားရှင်တော်မြတ်သည်
မြို့ပြဆူညံမှူကိုနှစ်သက်တောမမူပဲ တောကျောင်းတောင်ကျောင်းတို့မှာသာ သီတင်းသုံးတော်မူခဲ့ကြောင်း သီရိလင်္ကာမှာလည်း ကိုလံဘိုမြို့ပြထက်စာလျှင် တောရွာဖက်ကကျောင်းလေးများသည် အလွန်အေးချမ်းလိမ့်မည်ဟု မိမိထင်ကြောင်းပြောပြရာ။
ဟာ…မောင်ဝိမလရေ..အရှင်ပြောသလို အလွန်တိတ်ဆိတ်အေးချမ်းတဲ့ တောရတောင်ပေါ်ကျောင်းလေးမျိုးမှာ အရင်ကတပည့်တော်နေခဲ့တာပေါ့…ဟုအားရ၀မ်းသာပြောပြလေတော့၏။
မြန်မာနိုင်ငံတုန်းက ကိုယ်တော်နေခဲ့တဲ့ ရွာကျောင်းလေးလားကိုယ်တော်ဟု မိမိကမေးလိုက်ရာ။
ဟာ…ဘယ်ကလာဟုတ်ရမှာလဲဗျာ ကျုပ်ဇာတိရွာကကျောင်းလေးတောင် အခုပြောတဲ့တောကျောင်းလေးမမှီဘူးဗျို့ လူသံဆူသံကင်းပြီး အလွန်အေးချမ်းတယ် ကိုလံဘိုမြို့နဲ့ ကီလိုမီတာ(၂၀)လောက်ဝေးတဲ့နေရာမှာရှိတဲ့ရွာကျောင်းလေးဘုရား။
တပည့်တော်ရောက်စက နေရာအဆင်မပြေသေးတော့ ဒီလိုပဲ ဆက်စပ်ပြီး တောရွာကျောင်းလေးမှာ ခဏသွားနေသေးတယ်လေ ။ဘုန်းကြီးကလည်းအလွန်သဘောကောင်းတယ် ။မြန်မာကကိုယ်တော်တွေ သူ့လိုတောရွာကကျောင်းလေးမှာလာသီတင်းသုံးတယ်ဆိုပြီး အရမ်းဝမ်းသာပီတိဖြစ်နေတာဗျ ။သူ့မှာမရှိရှိတာနဲ့ အာရုံ နေ့ဆွမ်းစသည်ကို အထူးတလှယ်စီမံပေးနေတာပဲ ။
ဒါပေမယ့်ကိုယ်တော်ရေ ကိုလံဘိုတခါလာဖို့ကျတော်တော်ဝန်လေးတယ် ကားလည်းတိုက်ရိုက်မပေါက်ဘူးဗျာ။ ရထားနဲ့ပဲသွားလာရတယ်။
ရွာကလည်း တောရွာလေးဆိုတော့ ဘူတာရှိတယ်ဆိုပေမယ့် ဘူတာလေးဆိုတော့ ရထားတိုင်းကမရပ်ဘူး ၊ရပ်တဲ့ရထားတွေကလည်း ရိုးရိုးအနှေးရထားတွေဆိုတော့ လူကကြပ်တာပေါ့။ ဒါနဲ့တပည့်တော်လည်း ကိုလံဘိုမြို့ထဲနေရာရပြီဆိုတာနဲ့
ပြန်ပြောင်းလာခဲ့ရတော့တာ ။ စာမေးပွဲနီးတုန်းကတော့ စိတ်အေးလက်အေးနေရာလေးမို့ စာသွားကျက်လိုက်သေးတယ်။
အရှင်ဘုရားပြောတဲ့ကျောင်းက ဒီလိုကျောင်းမျိုးဗျ..ဟု အားရ၀မ်းသာ သူနေခဲ့ဖူးတယ်ဆိုတာကိုပယ် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလာပြန်ပါတယ်။
ဟ ဒါဆိုအတော်ပဲကိုယ်တော်ရေ အားရင် မြန်မာပြည်ပြန်မကြွခင်လေး အဲဒီတောကျောင်းလေးတစ်ခေါက်လောက်လိုက်ပို့စမ်းပါဦး သီရိလင်္ကာရထားလည်းစီးဖူးသွားတာပေါ့ ။
တောဖက်က တောင်ပေါ်ကျောင်းလေးလည်းရောက်ဖူးတော့ မြို့ပြမွန်းကျပ်မှူက ခဏတာတော့ရုံးထွက်ကြည့်ချင်သေးသဗျ ။
ဒါဆိုလည်း တပည့်တော်မပြန်ခင် အဲဒီတောကျောင်းလေးအလွမ်းပြေတစ်ခေါက်တော့သွားဖြစ်အောင် ကြိုးစားပါဦးမယ်ဗျာ။ တောကျောင်းဘုန်းကြီးလည်း နှုတ်ဆက်ရင်းပေါ့။

ဒီလိုနှင့် ကျွန်ုပ်နှင့် အရှင်ပညောတို့နှစ်ပါးသည် တောကျောင်းလေးသွားလည်ကြဖို့ စီစဉ်ကြရင်း အရှင်ပညောနှင့် ခင်မင်ရင်းနှီးသော ဖော်ရီနာအမျိုးသမီးတစ်ယောက်ပါ ထိုတောရွာလေးသို့ အလည်လိုက်လာဖြစ်ခဲ့လေသည်။
………………………………….
တောကျောင်းလေး၏ ငြိမ်းချမ်းမှုအရသာ
ဘူတာကဆင်းလျှင်ဆင်းခြင်းပင် ရွာဖက်သို့သွားသောလမ်းကလေးနှင့် ထိုတောင်ကုန်းလေးပေါ်ကရွာဦးကျောင်းလေးသို့သွားသောလမ်းကလေးမှာ နှစ်မွှာဖြာ၍ခွဲသွားတော့၏။ ဆိုလိုသည်မှာ ရွာသွားလမ်းနှင့် ဘုရားကျောင်းကန်သွားရာလမ်းသည် တစ်သီးတခြားလေးဖြစ်နေ၏။ ထိုတောင်ကုန်းလေးသို့ စတင်ချေချမိသည်နှင့် ကျေးငှက်သာရကာတို့တွန်ကျူးသံ အော်မြည်သံမှအပ ဘာသံမှမကြားရချေ။

ကျွန်ုပ်လည်း ဆရာတော်အားဆက်ကပ်ဖို့ရန် မြန်မာသရီးလိုင်ဖယ် သင်္ကန်းတစ်စုံပါယူလာခဲ့ပြီး ထိုဖော်ရီနာအမျိုးသမီးအားဆက်ကပ်ခိုင်းလိုက်၏။

ကျောင်းထိုင်ဆရာတော်ဟုသုံးနှုံးရသော်လည်း မိမိထက်ကာ ၀ါငယ်ရဟန်းပျိုတစ်ပါးသာဖြစ်ပေ၏။ သူ၏ဥပေဇ္ဈယ်ဆရာတော်မှာ အင်္ဂလန်နိုင်ငံသို့သာသနာပြုရင်း သွားရောက်သီတင်းသုံးသည်မှာ
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ပင်ရှိပြီဖြစ်ပြီး ။ကျောင်းစောင့်ကျောင်းထိုင်သဘောဖြင့်သာ တပည့်ငယ်များအားလူကြီးလုပ်ကာ ထိုတောကျောင်းလေးအား
စောင့်ရှောက်နေထိုင်ရခြင်းဖြစ်ကြောင်း။ ရွာနာမည်ကတော့ ဗုလုဂဟဂေါဓ လို့ခေါ်ကြောင်း အိမ်ခြေနှစ်ရာကျော်လောက်ရှိပေမယ့် လက်လုပ်လက်စားဆင်းရဲသားတွေများတာကြောင့် အလှူအတန်းအနေနဲ့ကတော့အလွန်ရှားပါးကြောင်း၊
ယ္ခုတိုက်ကျောင်း ၊ဘုရားစေတီနဲ့ ရေမီးအစုံပြည့်စုံအောင်လှူဒါန်းထားသည်မှာ အင်္ဂလန်ရောက်နေသော သူ့ဆရာတော်၏ဖော်ရီနာ တကာတကာမများ
ကောင်းမှူသာဖြစ်ကြောင်း …..စီကာပတ်ကုံးပြောပြလေ၏။

မှန်သည် သီရိလင်္ကာဓလေ့ထုံးစံကိုက အလှူအတန်းသည် နာရေးရှိမှသာ ရက်လည်လည်များ ပြုလုပ်လှူဒါန်းလေ့ရှိကြသည်။ သို့ပင်လျှင် လှူဖွယ်ဝတ္ထုကိုမမြင်အောင် စက္ကူအိပ်ဖြင့် သေချာထုပ်ပိုး၍လှူဒါန်းကြလေသည်။ လှူဖွယ်ဝတ္ထုကို အလှူခံကိုရင်ငယ်ရဟန်းငယ်တို့ မသာယာမိစေဖို့နှင့် ။အမွန်အမြတ်ဖြစ်စေလိုလို့ထင်၏။ ၀တ္ထုငွေလှူဒါန်းသူဒါယကာအိမ်ကား အလွန်ရှားလေသည်။ ခါးဝတ်သင်းပိုင်ဖြစ်စေ။ ဆပ်ပြာခဲ ၊သွားတိုက်ဆေး၊ခေါင်းရိတ်ဓား နို့မှုန့်ဗူးစသည်သာ အလှူများလေသည်။ မြန်မာနှင့်စာလျှင် အလှူအတန်းမှာ နည်းပါးသည်ဟုကား ဆိုနိုင်၏။ မွေးနေ့ဆွမ်းကျွေး၊ရှုင်ပြုရဟန်းခံ၊ မင်္ဂလာဦးဆွမ်းကျွေးတို့မှာမလုပ်ကြသလောက်ပင်။ သို့သော် သံဃာတော်တို့မှာ ဆွမ်းခံထွက်စရာမလိုပဲ ရပ်ကွက်ကျေးရွာ ကိုးကွယ်ကြသူများက အလှည့်ကျဆွမ်းချိုင့်လာရောက်ပို့ကြသည်ဟူ၏။
မိမိလည်း ဆရာတော် ဒီမှာကိုရင်ခုနစ်ပါးနှင့် သီတင်းသုံးရတာ အဆင်ပြေပါရဲ့လားဆိုတော့ အားလုံးအဆင်ပြေပါကြောင်း ။သို့သော် တခါတရံ ရွာအတွင်းမှ ဆွမ်းလှည့်ကျသောအိမ်မှ ဆွမ်းလာမပို့မိလျှင်တော့ ကျောင်းမှပဲ ချက်ပြုတ်ကြရကြောင်း ။ကိုရင်ငယ်လေးများမှာလည်း ကျောင်းသွားတဲ့နေ့ဆို စာသင်ကျောင်းကဆွမ်းကပ်ကြတာမို့ မိမိတစ်ပါးတည်းသာ ဘုဉ်းပေးရသည်ကများကြောင်း။ ကိုရင်ငယ်လေးများပညာရေးကိုတော့ သူကပင်ကြည့်ရှုထောက်ပံ့ရကြောင်း။တနင်္ဂနွေနေ့တွေမှာတော့ သီရိလင်္ကာနိုင်ငံလုံး ဆန်းဒေးဓမ္မစကူးသင်ကြရတာမို့ သူ့ကျောင်းသို့ ကျောင်းသားကျောင်းသူ
အယောက်နှစ်ရာကျော်လောက်သင်ပေးရကြောင်း ။
ယင်း တနင်္ဂနွေနေ့ညနေတိုင်း ကျောင်းဆရာမများကိုလည်း အင်္ဂလိပ်ဆရာကြီးတစ်ဦးက အထူးသင်တန်းလာပေးကြောင်း…ပြောပြရာ မိမိထက် ၀ါငယ်ပေမယ့် တောနေသီရိလင်္ကာဘုန်းကြီး၏လုပ်ဆောင်မှူအစုစုတို့အား အလွန်ပင်လေးစားမိလေသည်။
ထို့ကြောင့် မိမိလည်း မြန်မာနိုင်ငံပြန်မကြွမီတစ်ခေါက်တော့ အရှင်ဘုရားကျောင်းသို့ရောက်အောင်လာလည်ပါဦးမည်ဟု နှုတ်ဆက်စကားပြောကြားကာ ကျွန်ုပ်တို့သုံးဦးသား ရထားခရီးစဉ်ဖြင့်ပင် ကိုလံဘိုသို့ပြန်လာခဲ့ကြလေတော့၏။
သီရိလင်္ကာနိုင်ငံသားတို့၏ချစ်ဖွယ်ယဉ်ကျေးမှူတစ်ခုမှာ ရဟန်းသံဃာတော်များ ကားပေါ်ရထားပေါ်တက်လာသည်နှင့် သူ့ထက်ငါဦးအောင်နေရာပေးကြလေသည်။ သံဃာတော်များ မတ်တပ်ရပ်လျှက်လုံးဝစီးခွင့်မပြုကြပေ။ ထို့ကြောင့် ကျွန်ုပ်ရော ကိုပညောပါ အသွားအပြန်နေရာရကြလေသည် ။ကျွန်ုပ်တို့နှင့်ပါလာသော ဖော်ရီနာအမျိုးသမီးမှာကား ထိုင်ခုံမရရှာပဲ မတ်တပ်ရပ်လျှက်သာ စီးနင်းလိုက်ပါခဲ့ရသည်ဖြစ်၍ လုံးဝစိတ်မကောင်းပေ။
သူတို့ဥရောပနိုင်ငံများမှာတော့ LADY FIRST ဟုဆိုကာ အမျိုးသမီးမျာကိုအရာရာဦးစားပေးကြပေမယ့် ။မိမိတို့ဗုဒ္ဓဘာသာနိုင်ငံများ၌ကား အကျင့်သိက္ခာလေးမြတ်ကြသော ရဟန်းသံဃာများသာ နံပတ်တစ် ဦးစားပေးကြလေ၏။ မိမိတို့လည်း ရဟန်းတော်များဖြစ်တာကြောင့် ထိုအမျိုးသမီးအား နေရာပေးလို့လည်းမရတော့ပဲ ဤအတိုင်းသာကြည့်နေလိုက်ကြရတော့၏။
နောက်တစ်ခု သီရိလင်္ကာ၏ လေးစားမြတ်နိုးဖွယ်ကောင်းသည်ကား ရထားပေါ်သို့ မိမိတို့နှစ်ပါးရောက်လာသည်နှင့်ပင် ခရီးသည်အားလုံးငြိမ်ကျသွားတော့၏။ မည်သူမျှစကားမဟကြတော့ချေ။ မိမိတို့နှစ်ပါးလည်း မျက်လွှာချ မေတ္တာပွားလျှက်သာ ကိုလံဘိုရောက်သည်အထိ လိုက်ပါစီးနင်းခဲ့ကြပါတော့သတည်း။
XXXXXXXXXXXXXXXXXXXXXXXX
တောကျောင်းလေးသို့ ဒုတိယမ္ပိ အလှူသွားလုပ်ခြင်း
အရိပ်ထဲနားနေရာမှ နေပူကျဲကျဲလုပ်ငန်းပြန်စရသူကဲ့သို့ မိမိလည်းကိုလံဘိုပြန်ရောက်သည်နှင့် ထိုတောကျောင်းလေး၏တိတ်ဆိတ်အေးချမ်းပုံကို ပုံဖော်ကြည်နူးနေမိလေသည်။ ထိုကဲ့သို့သောနေရာမျိုးလေးသွားပြီး စာကျက်မှတ်လိုက်ရရင် အလွန်စိတ်ကြည်လင်ပြီး စာရလွယ်မည်ဟုလည်းထင်မိ၏။ စာမေးပွဲနီးလျှင်တော့ ထိုတောကျောင်းလေးမှာသွားပြီး စာကျက်ဦးမည်။ နောက်ပြီး ဘုန်းကြီးနှင့်လည်း ရင်းနှီးမူလည်းရ၊ သူ့အတွက်လည်း ဆွမ်းကွမ်းမပြည့်စုံတဲ့အခါ ချက်ပြုတ်ဘုဉ်းပေးနိုင်ရန် ဆန်၊ဆီ ၊ငါးသေတ္တာဗူးများနဲ့ သွားရောက်ကန်တော့ဦးမည်ဟု စိတ်ကူးပေါက်မိရာမှ ထိုကျောင်းတိုက်လေးသို့တဖန် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်အတူ အလည်ရောက်ခဲ့ရပြန်လေသတည်း။

ဒေသန္တရဗဟုသုတအဖြစ် ရထားထိုင်ခုံမဲ့ဖြင့် လိုက်လာခဲ့ရသော
ဖော်ရီနာတကာမကြီး Mrs.Erika နှင့် ထိုတောကျောင်းကလေးသို့ လှူဒါန်းဖွယ်အစုစုလှူဒါန်းနိုင်ဖို့ မိမိအား Rs 4250 လှူဒါန်းလိုက်သော တကာမကြီး မြကြေးမုံ(နော်ဝေ)တို့အား၎င်း။ ကျေးဇူးဥပကာရတင်ရှိထိုက်သူ စိတ်ကောင်းနှလုံးကောင်းရှိသူ သူတော်စဉ်အားလုံးအတွက်၎င်း .......
ဤဂုဏ်ပြုမှတ်တမ်းပို့စ်လေးတစ်စောင် ရေးလိုက်ရပါကြောင်း
မေတ္တာများစွာဖြင့်
လင်္ကာအရှင်(မုံရွာ)

ကိုလံဘိုမြို့မှ ဗုလုဂဟဂေါဓရွာ ဘူတာလေးသို့ ရထားဖြင့်
ဒီလိုနှင့် ကျွန်ုပ်နှင့် အရှင်ပညောတို့နှစ်ပါးသည် တောကျောင်းလေးသွားလည်ကြဖို့ စီစဉ်ကြရင်း အရှင်ပညောနှင့် ခင်မင်ရင်းနှီးသော ဖော်ရီနာအမျိုးသမီးတစ်ယောက်ပါ ထိုတောရွာလေးသို့ အလည်လိုက်လာဖြစ်ခဲ့လေသည်။
………………………………….
တောကျောင်းလေး၏ ငြိမ်းချမ်းမှုအရသာ
ဘူတာကဆင်းလျှင်ဆင်းခြင်းပင် ရွာဖက်သို့သွားသောလမ်းကလေးနှင့် ထိုတောင်ကုန်းလေးပေါ်ကရွာဦးကျောင်းလေးသို့သွားသောလမ်းကလေးမှာ နှစ်မွှာဖြာ၍ခွဲသွားတော့၏။ ဆိုလိုသည်မှာ ရွာသွားလမ်းနှင့် ဘုရားကျောင်းကန်သွားရာလမ်းသည် တစ်သီးတခြားလေးဖြစ်နေ၏။ ထိုတောင်ကုန်းလေးသို့ စတင်ချေချမိသည်နှင့် ကျေးငှက်သာရကာတို့တွန်ကျူးသံ အော်မြည်သံမှအပ ဘာသံမှမကြားရချေ။

တောင်ကုန်းပေါ်က ဗုလုဂဟဂေါဓ ရွာဦးကျောင်းလေးအ၀င်
ထိုတောရကျောင်းလေးမှာ ကျောင်းထိုင်ဆရာတော်နှင့်အတူ ကိုရင်ခုနစ်ပါးသီတင်းသုံးနေထိုင်ကြပေမယ့် ကိုရင်ငယ်များသည် စာသင်ကျောင်းသို့သွားကြပြီဖြစ်သဖြင့် ဆရာတော်တစ်ပါးတည်းသာတွေ့ရလေသည်။ကျွန်ုပ်လည်း ဆရာတော်အားဆက်ကပ်ဖို့ရန် မြန်မာသရီးလိုင်ဖယ် သင်္ကန်းတစ်စုံပါယူလာခဲ့ပြီး ထိုဖော်ရီနာအမျိုးသမီးအားဆက်ကပ်ခိုင်းလိုက်၏။

(ကိုပညော၏ ဓမ္မမိတ်ဆွေ ဖော်ရီနာတကာမကြီးနှင့်တောကျောင်းရောက်ခဲ့စဉ်က)
သီရိလင်္ကာဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံမှ သင်္ကန်းများကို အလွန်နှစ်သက်သဘောကျသော..ဟူ၏။ကျောင်းထိုင်ဆရာတော်ဟုသုံးနှုံးရသော်လည်း မိမိထက်ကာ ၀ါငယ်ရဟန်းပျိုတစ်ပါးသာဖြစ်ပေ၏။ သူ၏ဥပေဇ္ဈယ်ဆရာတော်မှာ အင်္ဂလန်နိုင်ငံသို့သာသနာပြုရင်း သွားရောက်သီတင်းသုံးသည်မှာ
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ပင်ရှိပြီဖြစ်ပြီး ။ကျောင်းစောင့်ကျောင်းထိုင်သဘောဖြင့်သာ တပည့်ငယ်များအားလူကြီးလုပ်ကာ ထိုတောကျောင်းလေးအား
စောင့်ရှောက်နေထိုင်ရခြင်းဖြစ်ကြောင်း။ ရွာနာမည်ကတော့ ဗုလုဂဟဂေါဓ လို့ခေါ်ကြောင်း အိမ်ခြေနှစ်ရာကျော်လောက်ရှိပေမယ့် လက်လုပ်လက်စားဆင်းရဲသားတွေများတာကြောင့် အလှူအတန်းအနေနဲ့ကတော့အလွန်ရှားပါးကြောင်း၊
ယ္ခုတိုက်ကျောင်း ၊ဘုရားစေတီနဲ့ ရေမီးအစုံပြည့်စုံအောင်လှူဒါန်းထားသည်မှာ အင်္ဂလန်ရောက်နေသော သူ့ဆရာတော်၏ဖော်ရီနာ တကာတကာမများ
ကောင်းမှူသာဖြစ်ကြောင်း …..စီကာပတ်ကုံးပြောပြလေ၏။

သံဃာများသီတင်းသုံးရာ အုတ်တိုက်ကျောင်းဆောင်

ဘောဇနသာလာ ဆွမ်းစားကျောင်းဆောင်
မှန်သည် သီရိလင်္ကာဓလေ့ထုံးစံကိုက အလှူအတန်းသည် နာရေးရှိမှသာ ရက်လည်လည်များ ပြုလုပ်လှူဒါန်းလေ့ရှိကြသည်။ သို့ပင်လျှင် လှူဖွယ်ဝတ္ထုကိုမမြင်အောင် စက္ကူအိပ်ဖြင့် သေချာထုပ်ပိုး၍လှူဒါန်းကြလေသည်။ လှူဖွယ်ဝတ္ထုကို အလှူခံကိုရင်ငယ်ရဟန်းငယ်တို့ မသာယာမိစေဖို့နှင့် ။အမွန်အမြတ်ဖြစ်စေလိုလို့ထင်၏။ ၀တ္ထုငွေလှူဒါန်းသူဒါယကာအိမ်ကား အလွန်ရှားလေသည်။ ခါးဝတ်သင်းပိုင်ဖြစ်စေ။ ဆပ်ပြာခဲ ၊သွားတိုက်ဆေး၊ခေါင်းရိတ်ဓား နို့မှုန့်ဗူးစသည်သာ အလှူများလေသည်။ မြန်မာနှင့်စာလျှင် အလှူအတန်းမှာ နည်းပါးသည်ဟုကား ဆိုနိုင်၏။ မွေးနေ့ဆွမ်းကျွေး၊ရှုင်ပြုရဟန်းခံ၊ မင်္ဂလာဦးဆွမ်းကျွေးတို့မှာမလုပ်ကြသလောက်ပင်။ သို့သော် သံဃာတော်တို့မှာ ဆွမ်းခံထွက်စရာမလိုပဲ ရပ်ကွက်ကျေးရွာ ကိုးကွယ်ကြသူများက အလှည့်ကျဆွမ်းချိုင့်လာရောက်ပို့ကြသည်ဟူ၏။
မိမိလည်း ဆရာတော် ဒီမှာကိုရင်ခုနစ်ပါးနှင့် သီတင်းသုံးရတာ အဆင်ပြေပါရဲ့လားဆိုတော့ အားလုံးအဆင်ပြေပါကြောင်း ။သို့သော် တခါတရံ ရွာအတွင်းမှ ဆွမ်းလှည့်ကျသောအိမ်မှ ဆွမ်းလာမပို့မိလျှင်တော့ ကျောင်းမှပဲ ချက်ပြုတ်ကြရကြောင်း ။ကိုရင်ငယ်လေးများမှာလည်း ကျောင်းသွားတဲ့နေ့ဆို စာသင်ကျောင်းကဆွမ်းကပ်ကြတာမို့ မိမိတစ်ပါးတည်းသာ ဘုဉ်းပေးရသည်ကများကြောင်း။ ကိုရင်ငယ်လေးများပညာရေးကိုတော့ သူကပင်ကြည့်ရှုထောက်ပံ့ရကြောင်း။တနင်္ဂနွေနေ့တွေမှာတော့ သီရိလင်္ကာနိုင်ငံလုံး ဆန်းဒေးဓမ္မစကူးသင်ကြရတာမို့ သူ့ကျောင်းသို့ ကျောင်းသားကျောင်းသူ
အယောက်နှစ်ရာကျော်လောက်သင်ပေးရကြောင်း ။
ယင်း တနင်္ဂနွေနေ့ညနေတိုင်း ကျောင်းဆရာမများကိုလည်း အင်္ဂလိပ်ဆရာကြီးတစ်ဦးက အထူးသင်တန်းလာပေးကြောင်း…ပြောပြရာ မိမိထက် ၀ါငယ်ပေမယ့် တောနေသီရိလင်္ကာဘုန်းကြီး၏လုပ်ဆောင်မှူအစုစုတို့အား အလွန်ပင်လေးစားမိလေသည်။
ထို့ကြောင့် မိမိလည်း မြန်မာနိုင်ငံပြန်မကြွမီတစ်ခေါက်တော့ အရှင်ဘုရားကျောင်းသို့ရောက်အောင်လာလည်ပါဦးမည်ဟု နှုတ်ဆက်စကားပြောကြားကာ ကျွန်ုပ်တို့သုံးဦးသား ရထားခရီးစဉ်ဖြင့်ပင် ကိုလံဘိုသို့ပြန်လာခဲ့ကြလေတော့၏။
သီရိလင်္ကာနိုင်ငံသားတို့၏ချစ်ဖွယ်ယဉ်ကျေးမှူတစ်ခုမှာ ရဟန်းသံဃာတော်များ ကားပေါ်ရထားပေါ်တက်လာသည်နှင့် သူ့ထက်ငါဦးအောင်နေရာပေးကြလေသည်။ သံဃာတော်များ မတ်တပ်ရပ်လျှက်လုံးဝစီးခွင့်မပြုကြပေ။ ထို့ကြောင့် ကျွန်ုပ်ရော ကိုပညောပါ အသွားအပြန်နေရာရကြလေသည် ။ကျွန်ုပ်တို့နှင့်ပါလာသော ဖော်ရီနာအမျိုးသမီးမှာကား ထိုင်ခုံမရရှာပဲ မတ်တပ်ရပ်လျှက်သာ စီးနင်းလိုက်ပါခဲ့ရသည်ဖြစ်၍ လုံးဝစိတ်မကောင်းပေ။
သူတို့ဥရောပနိုင်ငံများမှာတော့ LADY FIRST ဟုဆိုကာ အမျိုးသမီးမျာကိုအရာရာဦးစားပေးကြပေမယ့် ။မိမိတို့ဗုဒ္ဓဘာသာနိုင်ငံများ၌ကား အကျင့်သိက္ခာလေးမြတ်ကြသော ရဟန်းသံဃာများသာ နံပတ်တစ် ဦးစားပေးကြလေ၏။ မိမိတို့လည်း ရဟန်းတော်များဖြစ်တာကြောင့် ထိုအမျိုးသမီးအား နေရာပေးလို့လည်းမရတော့ပဲ ဤအတိုင်းသာကြည့်နေလိုက်ကြရတော့၏။
နောက်တစ်ခု သီရိလင်္ကာ၏ လေးစားမြတ်နိုးဖွယ်ကောင်းသည်ကား ရထားပေါ်သို့ မိမိတို့နှစ်ပါးရောက်လာသည်နှင့်ပင် ခရီးသည်အားလုံးငြိမ်ကျသွားတော့၏။ မည်သူမျှစကားမဟကြတော့ချေ။ မိမိတို့နှစ်ပါးလည်း မျက်လွှာချ မေတ္တာပွားလျှက်သာ ကိုလံဘိုရောက်သည်အထိ လိုက်ပါစီးနင်းခဲ့ကြပါတော့သတည်း။
XXXXXXXXXXXXXXXXXXXXXXXX
တောကျောင်းလေးသို့ ဒုတိယမ္ပိ အလှူသွားလုပ်ခြင်း
အရိပ်ထဲနားနေရာမှ နေပူကျဲကျဲလုပ်ငန်းပြန်စရသူကဲ့သို့ မိမိလည်းကိုလံဘိုပြန်ရောက်သည်နှင့် ထိုတောကျောင်းလေး၏တိတ်ဆိတ်အေးချမ်းပုံကို ပုံဖော်ကြည်နူးနေမိလေသည်။ ထိုကဲ့သို့သောနေရာမျိုးလေးသွားပြီး စာကျက်မှတ်လိုက်ရရင် အလွန်စိတ်ကြည်လင်ပြီး စာရလွယ်မည်ဟုလည်းထင်မိ၏။ စာမေးပွဲနီးလျှင်တော့ ထိုတောကျောင်းလေးမှာသွားပြီး စာကျက်ဦးမည်။ နောက်ပြီး ဘုန်းကြီးနှင့်လည်း ရင်းနှီးမူလည်းရ၊ သူ့အတွက်လည်း ဆွမ်းကွမ်းမပြည့်စုံတဲ့အခါ ချက်ပြုတ်ဘုဉ်းပေးနိုင်ရန် ဆန်၊ဆီ ၊ငါးသေတ္တာဗူးများနဲ့ သွားရောက်ကန်တော့ဦးမည်ဟု စိတ်ကူးပေါက်မိရာမှ ထိုကျောင်းတိုက်လေးသို့တဖန် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်အတူ အလည်ရောက်ခဲ့ရပြန်လေသတည်း။

အဝေးမှပင် လှမ်းမျှော်ဖူးမြင်နိုင်သည့် တောင်ကုန်းပေါ်မှ ဘုရားစေတီ

ဆင်ရတနာများစွာပိုင်ဆိုင်ထားသော သီရိလင်္ကာသားတို့၏ ဘုရားစေတီများမှာ ဆင်ခေါင်းများခံလျှက်(လင်္ကာကျွန်းမှာ ဆင်အကောင်ရေ ငါးထောင် ရှစ်ရာခုနှစ်ဆယ့်ကိုး ကောင်ထိရှိသည်ဟု စစ်တမ်းများအရဆိုသည်)

ရွာသူရွာသားတို့အထွဋ်အမြတ်ကိုးကွယ်ရာ ပရိဘောဂစေတီထိုက်သော ဗောဓိပင်နှင့် နှစ်ကျိတ်ရှစ်ဆူရုပ်ပွားတော်များ

ပန်းဆီမီးများ ကပ်လှူပူဇော်ရန် ပြင်ဆင်နေကြသူ ရွာသူအချို့

ဇာခန်းစီးလိုက်ကာများဖြင့် အကျအနပူဇော်ထားသော ဂန္ဓကုဋိတိုက်တွင်းမှ ရုပ်ပွားတော်

စေတီတော်အား ဆီမီးပူဇော်နေသော အမျိုးသမီးတစ်ဦး (ဆီမီးခွက်စဉ်ကို အကျနလုပ်ထားကြသည် စေတီပလ္လင်ပေါ်၌ မပူဇော်ရဟုဆို၏)

ကျောင်းထိုင်ဆရာတော်သည် ထိုတောင်ကုန်းထိပ်ပေါ်မှာ ခရီးသွားလမ်းလာ အရပ်လေးမျက်နှာမှဖူးမြော်နိုင်ရန် တဆယ့်ခုနစ်ပေအမြင့်ရှိသော ထိုင်တော်မူ သမာဓိမုဒြာရုပ်ပွားတော်တစ်ဆူ တည်ဆောင်ဖို့စီမံနေကြောင်းနှင့် ယင်းအကြောင်းအလှူခံကြော်ငြာဆိုင်းဘုတ်ထူထားကြောင်း ရှင်းပြခဲ့သည်

ထိုသမာဓိမုဒြာ စံပယ်ကိန်းဝပ်မည့်ဗောဓိပင်ဘေးမှ ပလ္လင်တော် (ယခုမိမိရောက်ခဲ့စဉ်အထိ ပလ္လင်ခြေမျှသာ ပြီးစီးသေး၏))

ဆန်းဒေးဓမ္မစကူးသင်ပေးရာ ဓမ္မာရုံဇရပ်

ဓမ္မာရုံအတွင်းမှ ဆန်းဒေးစကူးစာသင်ခုံများ

ကျောင်းထိုင်ဆရာတော်နှင့် ဓမ္မစကူးကျောင်းသားကျောင်းးသူအချို့ (ကျောင်းသူကျောင်းသား နှစ်ရာကျော်ခန့်မျှ ရှိသည်ဆို၏)

တောင်ကုန်းပေါ်မှာနေ၍ ကန္ဒီမူလဟုခေါ်သော အခြားရွာတစ်ရွာသို့ လှမ်းမြင်ရစဉ် (တစ်ရွာနှင့်တစ်ရွာမှာ သိပ်မဝေးလှပေ)

အနီးတစ်ဝိုက်ရွာများမှ မြို့သို့ပြေးဆွဲနေသည့် ဘတ်စကားတစ်စီး(ကျေးရွာတွင်းရှိလမ်းများမှာ ကတ္တရာများခင်းလျှက် သပ်သပ်ယပ်ယပ် ၊လမ်းများလည်းကောင်းလှပေသည်)

မိမိဒုတိယမ္ပိ ရောက်ခဲ့စဉ်က BASMATI ဆန်တစ်အိပ် ၊ဆီနှစ်ပုလင်း ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် ၊ ငြုပ်သီးစသော ဟင်းခပ်မှုန့်များ ၊ငါးသေတ္တာဗူးများအား လှူဒါန်းခဲ့စဉ်

ကျောင်းထိုင်လောကုဆရာတော်၊သာမဏေငယ်များနှင့်အတူ

ဆရာဆရာမများအား အင်္ဂလိပ်စာ ပညာဒါနသင်ပေးနေသည်ဆိုသော သီရိလင်္ကာဥပါသကာကြီးနှင့် ကျောင်းထိုင်ဆရာတော်
ဤအမှတ်ရဖွယ်ပို့စ်လေးဖြင့်ပင် ထိုတောကျောင်းကလေးသို့ လိုက်ပါပို့ဆောင်ပေးသော မြန်မာနိုင်ငံသို့ပြန်ကြွသွားပြီဖြစ်သည့် အကျွန်ုပ်၏မိတ်ဆွေရင်းကြီး အရှင်ပညောဘာသာလင်္ကာရ(အလင်္ကာပန်းဆက်)အား၎င်း၊ဒေသန္တရဗဟုသုတအဖြစ် ရထားထိုင်ခုံမဲ့ဖြင့် လိုက်လာခဲ့ရသော
ဖော်ရီနာတကာမကြီး Mrs.Erika နှင့် ထိုတောကျောင်းကလေးသို့ လှူဒါန်းဖွယ်အစုစုလှူဒါန်းနိုင်ဖို့ မိမိအား Rs 4250 လှူဒါန်းလိုက်သော တကာမကြီး မြကြေးမုံ(နော်ဝေ)တို့အား၎င်း။ ကျေးဇူးဥပကာရတင်ရှိထိုက်သူ စိတ်ကောင်းနှလုံးကောင်းရှိသူ သူတော်စဉ်အားလုံးအတွက်၎င်း .......
ဤဂုဏ်ပြုမှတ်တမ်းပို့စ်လေးတစ်စောင် ရေးလိုက်ရပါကြောင်း
မေတ္တာများစွာဖြင့်
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment