ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားအလောင်သည် သိကြားမင်းဖြစ်နေလေသည်။ ကာသိရွာသားညီနောင်ခုနစ်ယောက်တို့သည် ရသေ့ပြု၍ တောထွက်ခဲ့ကြသော်လည်း ကမ္မဋ္ဌာန်းတရား အားထုတ်မှုမပြုကြပဲ ခန္ဓာကိုယ်လှပပြည့်ဖြိုးစေရန် ကစားခုန်စားကိုသာပြုလုပ်နေကြလေသည်။ ထိုအကြောင်းကိုသိမြင်ရသောသိကြားမင်းသည် ရသေ့များကိုထိတ်လန့်စေလို၍ ကျေးငှက်အသွင်ဖြင့် သစ်ပင်ပေါ်တွင်နားလျှက် “စားကြွင်းစားများသည် ချမ်းသာစွာအသက်မွေးရသည်၊ ထိုသူများသည် မျက်မှောက်ဘ၀တွင်ချီးမွမ်းထိုက်၍ တမလွန်၌လည်း သုဂတိဘ၀သို့ရောက်ကြရသည်”ဟုကျွေးကြော်အော်မြည်နေလေသည်။ ထိုအသံကိုရသေ့တစ်ဥိးကကြားသွားပြီး “ငါတို့ကိုကျေးသားလေးက လာရောက်ချီးမွမ်းနေတယ်ဟေ့ လာနားထောင်လှည့်ကြ”ဟု ရသေ့များရောက်လာကြသောအခါ ကျေးသားက ခြေင်္သေ့ ,သစ် ,ကျားတို့၏ စားကြွင်းဖြစ်သော သားကောင်ပုပ်ကိုစားနေကြသော သင်တို့ကိုရည်ရွယ်၍ဆိုခြင်းမဟုတ်ပေ ၊ သင်တို့ကဲ့သို့သောစားကြွင်းစားမျိုးကိုလည်း ငါမချီးမွမ်း”ပြောဆိုလေသည်။
ရသေ့များက “ငါတို့ကဲ့သို့သော စားကြွင်းစားတို့ကိုမချီးမွမ်းလျှင် အဘယ်သို့သောစားကြွင်းစားမျိုးကိုချီးမွမ်းသနည်း ၊အဘယ်စားကြွင်းစားမျိုးကမှ စားကြွင်းစားစစ်မှန်သနည်း”ဟုမေးလျှင် “ရဟန်းပုဏ္ဏားနှင့် ဖုန်းတောင်းယာစကာတို့အားဥိးစွာပေးလှု၍ ကြွင်းကျန်သည်ကိုစားသူများသာ စားကြွင်းစားအစစ်ဖြစ်ကြသည် ၊ ထိုစားကြွင်းစားမျိုးကိုသာ ကျွန်ုပ်ချီးမွမ်းပါသည်”ဟုရသေ့များအားအရှက်ရစေကာ ကျေးငှက်ယောင်ဆောင်ထားသော သိကြားမင်းလည်းတာဝတိံသာသို့ပြန်လာခဲ့လေသည်။
(၀ိဃာသာဒဇာတ်)
(၀ိဃာသာဒဇာတ်)
No comments:
Post a Comment