Tuesday, March 27, 2012

လယ်တီဆရာတော်၏ စည်းကမ်း ခြောက်ချက်


ဆယ်နှစ်အဓိဋ္ဌာန် (မဟောမပြာရ) လယ်တီဆရာတော်ဘုရားကြီးက တပည့်ဖြစ်သူ မိုးညှင်းဆရာတော်လောင်းလျာအား - ကဲ ငါ့ရှင်သုမန ၀ိပဿနာဓုရကို မရမနေ အားထုတ်မည်ဆိုလျှင် ဥပဒေ ၆-ချက်ကို လိုက်နာရမည်” ဟု အမိန့်ရှိရာ ‘လိုက်နာပါမည်’ဟု လေးလေးမြတ်မြတ်ပင် ကတိပြုလေသည် ။ ဥပဒေ ၆-ချက်ကား-

 ၁။ တကာ တကာမတို့ ပင့်ဆွမ်းကို လိုက်မစားရ
 ၂။ရဟန်းခံရှင်ပြုလုပ်ပေးခြင်း ၊ အလှူအတန်းလိုက်ခြင်း မလုပ်ရ
 ၃။ဘုန်းကြီးပျံပွဲ ၊ အစည်းဝေးပွဲများ မလိုက်ရ၊
 ၄။ စကားမပြော ၊တရားမဟောပဲ ဆယ်နှစ်အားးထုတ်ရမည်။
 ၅။ဆယ်နှစ်ပြည့်မှ မိမိဌာန၌်သာ တရားဟောရမည်။
 ၆။ အသက် ၆၀ ပြည့်မှသာ နယ်လှည့်ပြီး တရားဟောရမည် ။
     ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဓမ္မာစရိယဦးဋ္ဌေးလှိုင်)နှာ 420/575

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..