Friday, March 23, 2012

မေတ္တာအစွမ်း အံ့မခန်း

     တစ်ခါက ရွာတစ်ရွာမှာ မေတ္တာအင်မတန်ကြီးမားတဲ့ ဒေါ်မေတ္တာဆိုတဲ့အဖွားကြီးတစ်ယောက်ရှိသတဲ့လေ သူ့ရှေ့မှာ တစ်ခုခုသွားညည်းတွားပြရင် မဖြစ်မနေကူညီတတ်လွန်းလို့ မူရင်းနာမည်ပျောက်ပြီးဒေါ်မေတ္တာလို့ပဲခေါ်ကြတာပေါ့။ သူကလူတွေသာ ကူညီတာမဟုတ်ဘူး တိရစ္ဆာန်လေးတွေကိုလည်း အင်မတန်သနားကြင်နာတတ်တယ်ဆိုပဲ သူ့အိမ်မှာလူဆိုလို့သူတစ်ယောက်ပဲရှိပေမယ့် ခွေးတွေကြောင်တွေ ရှဉ့်တွေကြက်တွေစတဲ့ တိရစ္ဆာန်တွေကိုပါကျွေးမွေးစောက်ရှောက်ထားတာပေါ့  ။  အဲဒီတိရစ္ဆာန်တွေထဲမှာ အင်မတန်လိမ္မာပြီး လူလောက်နီးပါး သိနားလည်တဲ့ ကြက်ဖကြီးတစ်ကောင်လည်းပါတာပေါ့ ။ အနီးနားကအိမ်တွေတောင် အဲဒီကြက်ဖကြီးတွန်သံနဲ့ပဲ သက်ကြီးခေါင်းချ ရောက်ပြိ အိပ်ကြစို့ မနက်လင်းကြက်တွန်ပြီ ထကြစို့ စသည်အချိန်နဲ့ပတ်သက်ရင် အားကိုးစရာတစ်ခုလိုဖြစ်နေတာပေါ့ ။ ဒါပေမယ့် ခေါင်းရင်းအိမ်က အရက်သမားငမူးက အဲဒီကြက်ဖကြီးကိုမျက်စိကျနေတာလေ ကြက်ဖကြီးအသားနဲ့အရက်မြည်းလိုက်လို့ကတော့ ဂွတ်ပဲလို့တွေးနေတာပေါ့ ။ အဖွားကြိးကစိတ်ကောင်းထားသလောက် ခေါင်းရင်းအိမ်ကငမူးကတော့ ကြက်ကြီးခိုးသတ်ဖို့ပဲ ချောင်းနေတာပေါ့ ။  တစ်ညသန်းခေါင်ယံမှာတော့ ဒေါ်မေတ္တာကြီးအိပ်ပျော်နေတုန်း သစ်ပင်ပေါ်မှာအိပ်တန်းတက်နေတဲ့ကြက်ဖကြီးကိုဖမ်းယူသတ်ဖြတ်ပြီး သူ့အစီစဉ်အတိုင်း အရက်အမြည်လုပ်စားလိုက်တာပေါ့ ။
     ကြက်ကြီးပျောက်ဆုံးသွားတော့ ဘေးအိမ်နာနီးချင်းတွေကလည်းတော်တော်စိတ်မကောင်းကြဘူး တချို့ကဆိုကြက်သူခိုးတော့လား တွေ့ရင်ဘာညာနဲ့ အဖွားကြီးကိုယ်စား ဓားကြိမ်းတောင်ကြိမ်းကြဆိုပဲ ။ ဒါပေမယ့် ဒေါ်မေတ္တာကြီးက သတ္တာအားလုံးအပေါ် သနားကြင်နာကြဖို့နဲ့ ကြက်သူခိုးအပေါ်လည်းအပြစ်တင်မနေဖို့ တရားချတာပေါ့ ။သူကိုယ်တိုင်လည်းကြက်သူခိုးလေး ကျန်းမာချမ်းသာပါစေလို့မေတ္တာပို့ပေးသတဲ့ ။ ဒေါ်မေတ္တာရဲ့မေတ္တာကကြီးမားးလွန်းတော့ ကြက်ကိုသတ်စားမိတဲ့ ကြက်သူခိုးကိုယ်မှ ကြက်မွှေးကြက်တောင်တွေပေါက်လာတယ်ဆိုပဲ အသံတောင်မှမူရင်းအသံပျောက်သွားပြီး ကြက်သံလိုလိုကြောင်သံလိုလိုပေါက်နေသတဲ့ ။ ဒါနဲ့ကြက်သူခိုးလည်း အပြင်းအထန်နာမကျန်းဖြစ်လို့ဆိုပြီး အိမ်ထဲကအိမ်ပြင်မထွက်ရဲတော့ဘူးပေါ့ လူနာလာမေးကြတဲ့သူတွေလည်း လူနာကအိမ်ခန်းထဲအောင်းနေလို့ မျက်မှာမမြင်ကြရပဲ ပြန်ပြန်သွားကြရတာပေါ့ ။
    တစ်နေ့မှာတော့  ရပ်ဝေးတစ်နေရာမှာနေတဲ့သူငယ်ချင်းက သူ့အိမ်ကိုတည်းခိုဖို့အလည်ရောက်လာတယ် ဟေ့ကောင်ကြီးနေမကောင်းဘူးဆို အပြင်ထွက်ခဲ့ဦးဟ မင်းဘာဖြစ်တာတုန်းဆိုတော့ အခန်းထဲကပဲလှမ်းစကားပြောတယ် အပြင်လည်းထွက်မလာဘူးတဲ့ ဒါနဲ့စိတ်မရှည်လို့အိမ်ခန်းထဲဇွတ်ဝင်ကြည့်လိုက်မှ မျက်လုံးပြူးသွားတယ် ။ ဟာ သူငယ်ချင်း မင်းဘယ်လိုဖြစ်ရတာလဲကွာ ဆိုမေးမှဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တာပေါ့ ဒီတော့မှ အကြံကောင်းတဲ့သူငယ်ချင်းက ဘာမှမပူနဲ့သူငယ်ချင်း မင်းရောဂါကိုငါပျောက်အောင်ကုပေးမယ်ဆိုပြီး ဒေါ်မေတ္တာကြီးအိမ်ကိုတန်းသွားပြီး ပြောချလိုက်တယ် ‘ဒေါ်မေတ္တာရေ ခင်များကြက်ကိုခိုးသတ်စားတဲ့သူက တစ်ခြားသူဟုတ်ပါရိုးလားဗျာ ခေါင်းရင်းအိမ်ကငမူးပေါ့ ဒီလောက်လိမ်မာတဲ့ကြက်ဖကြီးကိုသူမှို့လို့သတ်စားရဲတယ် တော်တော်မိုက်တဲ့ကောင်ပဲ ဘာညာနဲ့ ဒေါ်မေတ္တာကိုဒေါ်သမထွက်ထွက်လာအောင်စွပေးတာပေါ့ ။ ဒေါ်မေတ္တာလည်း ကြက်သူခိုးကို တိုက်ရိုက်မသိခင်သာ မေတ္တာပွားလို့ရတာလေ သူလည်းပုထုဇဉ်ဆိုတော့ တိတိကျကျကြက်သူခိုးကိုလည်းမိရော ခေါင်းရင်းအိမ်ကငမူးကို ပြန်လှန်ကျိန်ဆဲမိတော့တာပဲ အပြစ်မဲ့တဲ့ငါ့သားကြက်ဖကြီးသတ်စားတဲ့ငမူးတော့ နင် တစ်သက်မကြီးပွားဘူး နင်လည်းကြက်ကြီးလိုဖြစ်ပါစေဘာညာနဲ့ပေါ့ ။
     အဲဒီလို ဒေါ်မေတ္တာကြီး မေတ္တာပျက်ပြိး ဒေါသထွက်လာတော့မှ ကြက်သူခိုးကိုယ်ပေါ်ပေါက်နေကြတဲ့ ကြက်မွှေးကြက်တောင်တွေ ကျွှတ်ကျကုန်ပြီး လူကောင်းပကတိပြန်ဖြစ်သွားသတဲ့လေ ။ ဒီတော့မှ ကြက်သူခိုးလည်းသူမှားပါကြောင်းနဲ့ဒေါ်မေတ္တာရဲ့ မေတ္တာစွမ်းကြောင့်မေတ္တာစူးပြီး လူကြက်ကြီးဖြစ်ခဲ့ရကြောင်း အခုဒေါ်မေတ္တာ ကျိန်ဆဲလိုက်မှပဲ သူဒီဝဋ်ဒုက္ခကလွတ်ခဲ့ရကြောင်းဝန်ခံလိုက်သတဲ့။ ဒီတော့မှ ဒေါ်မေတ္တာကြီးလည်း မေတ္တာစွမ်းပကားကို လက်တွေ့သဘောပေါက်သွားပြီး အသက်ထက်ဆုံးမေတ္တာတရားပွားများနေထိုင်သွားတော့တယ် အရက်သမားငမူးလည်း သူတော်စဉ်သူတော်ကောင်းတစ်ယောက်ဖြစ်လာတော့တယ်တဲ့လေ။
                            by လင်္ကာ အရှင် on Wednesday, December 7, 2011 at 11:36am ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..