တစ်ခါက စိတ်ထားအရမ်းကောင်းတဲ့အမျိုးသမီးလေးတစ်ယောက်က ဈေးတစ်ခုမှာ ဆန်ဆိုင်လေးဖွင့်ပြီး ဆန်စရောင်သတဲ့ သူလည်းစရောင်းကာစဆိုတော့ သူများတွေဈေးရောင်းကောင်းဖို့ဘယ်လိုလုပ်သလဲဆိုတာ လိုက်လေ့လာ၇တာပေါ့ အနီးနားကေ၇ာင်းနေကျ လက်ဟောင်းဆန်ဆိုင်ကအဒေါ်ကြီးတွေကြည့်လိုက်ပြန်တော့လည်း ပုတီးလေးတွေကိုယ်စီနဲ့ ပုတီးစိပ်၇င်းဆန်ေ၇ာင်းနေကြတာတွေ့၇သတဲ့’ ဟ တယ်ကောင်းတဲ့အလုပ်ပါလား မလှူတတ်ဈေးရောင်းဆိုတာ ဒါမျိုးပြောတာလားမသိဘူး မရောင်းရလည်း ပုတီးစိပ်တဲ့ကုသိုလ်တော့ရတာပဲ’လို့တွေးလိုက်မိသတဲ့။ ဒါနဲ့သူလည်း ပုတီးစိပ်ပြိး ဈေးရောင်းချင်လို့ ဘေးနားကဆန်သယ်တွေစိပ်တဲ့ပုတီးစိပ်နည်းကိုလိုက်တောင်းတာပေါ့ ။ သူတို့ကလည်း ပုတီးစိပ်နည်းကြောင့်ဆန်တွေပိုရောင်းအားကောင်းသွားမှာမနာလိုကြတာကြောင့် သေသေချာချာမပြောပြကြဘူးတဲ့ လေ ။ ဟိုအဒေါ်ကြီးသွားမေးလည်း ဘာမှအထူးထွေပုတီးစိပ်တာမဟုတ်ပါဘူးအေ ဟိုဒင်းဟိုဟာ ဟိုဒင်းဟိုဟာလို့ဆိုပြီးပုတီးစိပ်လိုက်တာပါပဲ လို့ပြောလိုက်သတဲ့။ ဟိုဆန်သည်ပုတီးစိပ်နည်မေးလည်း ဟိုဒင်းဟိုဟာ ဒီဆန်သယ် ပုတီးစိပ်နည်းတောင်းလည်း အသေချာပြောမပြကြပဲ ဟိုဒင်းဟိုဟာ လို့ပဲဖြေကြတော့ စိတ်ရင်းကောင်းတဲ့ဆန်သယ်မလေးလည်း တကယ်ပဲ အဲလိုပုတီးစိပ်ပြီးဈေးရောင်းရတယ်ထင်သွားပြီး ဟိုဒင်းဟိုဟာ ဟိုဒင်းဟိုဟာ လို့ဆိုပြီးပုတီးစိပ်ရင်း ဈေးရောင်းသတဲ့လေ။
ဒါပေမယ့် သူ့ဆန်ဆိုင်က တင်းမှန်တောင်းမှန်နဲ့ စေတနာပါပါနဲ့ရောင်းတာရော ပိုက်ဆံမပြေလည်တဲ့သူဆင်းရဲသားများကိုလည်း မလှုတတ်ဈေးရောင်းဆိုတဲ့အတိုင်း အလှုတစ်ဝက် လျှော့ဈေးတစ်ဝက်နဲ့ရောင်းချပေးတာကြောင့် ဆင်းရဲသားလူတန်းစားအားလုံးရဲ့ မှီခိုအားထားရာ အမာခံဆံဆိုင်လေး နောက်ဆန်ဆိုင်ကြီးကနေ ဆန်ပွဲရုံတွေ တိုက်တွေ ကားတွေပိုင်တဲ့ ဆန်သည်သူဋ္ဌေးမလေး နေ့ချင်းညချင်းဆိုသလိုဖြစ်သွားတာပေါ့လေ ။
ဒါကိုဘေးနားကဆန်သည်တွေကတော်တော်လည်း မခံချမခံသာဖြစ်နေကြတော့တာပေါ့ သူတို့နောက်မှလည်းဆန်ရောင်းသေးတယ် ချက်ချင်းပဲ အောင်မြင်ချမ်းသာတဲ့ဆန်သယ်လည်းဖြစ်သွားသေးတယ် ဘယ်ဘိုးတော်ကများ အဆောင်တွေဘာတွေပေးပြီးမလိုက်ပါလိမ့်ပေါ့ ဒါနဲ့သူတို့လည်း အစ်မေးအောက်မေးနဲ့ ညည်းပုတီးစိပ်ရင်ရွတ်တဲ့မန္တာန်ကိုငါတို့ကိုလည်းမျှပါဦးအေလို့ ၀ိုင်းတောင်းကြသတဲ့လေ ။ ဒီတော့သူကစိတ်ရင်းအမှန်အတိုင်းပြောပြတာပေါ့ ဘာခက်တာလိုက်လို့အမတို့ရယ် အမတို့ပေးတဲ့နည်းအတိုင်းကျမစိတ်တာလေ ဘာမှမခက်ပါဘူး ဟိုဒင်းဟိုဟာလို့ ဆိုပြီးပုတီးတစ်လုံးချ နောက်ဟိုဒင်းဟိုဟာလို့ဆိုပြီး ပုတီးတစ်လုံးချ လို့ပြောသတဲ့ ။
အခြားဆန်သယ်တွေကဘယ်ယုံမှာလဲ သူ့ကိုအရင်ကပုတီးစိပ်နည်းမပေးချင်ကြလို့ ဟိုဒင်းဟိုဟာလို့ဆိုပြီး ပုတီးစိပ်ရတဲ့အကြောင်းညာပြောခဲ့ကြလို့ အခုသူ့ပုတီးစိပ်နည်းကိုလည်း အမှန်မပြောပဲ ညာပြောတယ်ထင်ကြတာပေါ့ ။
နောက်သူတို့တိုင်ပင်ဆုံးဖြတ်လိုက်ကြတယ် ရွာဦးကျောင်းဆရာတော်ဆီ ဒီကောင်မ သီလယူပြီးကာစ ဆရာတော်ရှေ့မှောက်မှာပဲ လျှောက်ထားဖြေဆိုခိုင်းမယ် ဒါမှ ဒီကောင်မ ငါတို့ကိုညာလို့မရတော့မှာလို့ တိုင်ပင်ထားလိုက်ကြတဲ့ ။ ဥပုသ်နေ့ရောက်လို့ ဆရာတော်လည်းသီလပေးပြီးရော ဆန်သည်များအဖွဲ့ကနေ ဆန်သယ်သူဋ္ဌေးမလေးရဲ့ ပုတီးစိပ်နည်းအားဓမ္မဒါနမျှတဲ့အနေနဲ့ပြောပြပါ၇န် ဆရာတော်မှတစ်ဆင့်တောင်းဆိုကြတဲ့အခါမှတော့
ဆန်သည်မလေးက သူဆန်စရောင်းတဲ့အချိန်က ဒီ ဟိုဒင်းဟိုဟာ ဆိုတဲ့ ပုတီးစိပ်နည်းကို ဆန်သည်အဒေါ်ကြီးများကိုယ်တိုင်သင်ပေးခဲ့တဲ့ ဟိုဒင်းဟိုဟာ ဆိုတဲ့ ဂါထာသာဖြစ်ပါကြောင်းဆရာတော်ကိုလျှောက်ထားလိုက်မှ ဆရာတော်လည်းအဖြစ်မှန်ကိုသဘောပေါက်သွားပြီး ‘ အိမ်း ကွဲ့ ဘယ်လိုဘုရားဂုဏ်တော်ဂါထာစွမ်းတွေရွတ်ဖတ်ပွားများပြီး မိမိကုန်ပစ္စည်းတွေမန်းမှုတ်နေကြပေသည့် မိမိစိတ်ထားမမှန်ရင် ရင်းစားတောင်ပြန်ရမှာမဟုတ်ပါဘူး သူတော်ကောင်းစိတ်ဓာတ်မရှိတဲ့သူကိုလည်း ဘုရားမမပါဘူး ။ အမှန်တကယ်ရင်ထဲမှာ ဘုရားရှင်ကိန်းဝပ်နေရင် မိမိနှုတ်ဖျားက အမှားရွတ်ဆိုနေသည့်တိုင်အောင် နတ်လူတို့ချစ်မြတ်နိုးပြီး စည်းစိမ်ဥစ္စာလည်း တိုးတက်ချမ်းသာကြမှာပါပဲလို့ မိန့်တော်မူပြီး ။
ထို ဆန်သယ်သူဋ္ဌေးမလေးကိုလည်း ဘုန်းဘုန်းက ဟိုဒင်းဟိုဟာဆိုတဲ့ပုတီးစိပ်နည်းထက်ကောင်းတဲ့ဂါထာကိုသင်ပေးပါ့မယ် ဒီနေ့ကစပြိး ဟိုဒင်းဟိုဟာဆိုတဲ့ ဂါထာကိုတော့မရွတ်နဲ့တော့ဟဲ့  ဒီနေ့ကစပြိး အရဟံ ဆိုပုတီးတစ်လုံးချ အရဟံ ဆိုပုတီးတစ်လုံးချ မိမိကုန်ပစ္စည်းတွေလည်း ဘုရားဂုဏ်တော်ထုံမွှမ်းပြီးသားဖြစ်တဲ့အတွက် စားသုံးသူတွေည်း အန္တရာယ်ကင်းတယ် ။ မိမိကိုယ်တိုင်လည်း ဗုဒ္ဓါနုဿတိ ပွားပြီးသားဖြစ်သဟဲ့ နှုတ်ဖျားမှာဘုရားဂုဏ်တည်းဟူသော ရတနာတည်ရင် ဘာမဆို အကုန်ကောင်းပြီသာမှတ်ထားပေရော့လို့ အမှန်ပြင်ပေးလိုက်ရပါသတဲ့ ။ ။
(မယ်တော်ကြီးပြောပြဖူးခဲ့တဲ့ ဆန်မန်းဂါထာ ဟိုဒင်းဟိုဟာ အားပြန်လည်မျှဝေလိုက်ချင်းသာဖြစ်ပါကြောင်း)
by လင်္ကာ အရှင် on Tuesday, December 6, 2011 at 10:19pm ·

No comments:
Post a Comment