ပစ္စည်းဥစ္စာဆိုတာလည်း ထိုက်သူသာ စံရတာပါ တခါက ရွာတွေမှာလှည့်လည်ပြီးဈေးရောင်းတဲ့အထမ်းသမားတစ်ယောက် ရွာတစ်ရွာအသွားသစ်ပင်အောက်ခဏအမောပြေ၀င်နားရင်း သစ်ပင်အောက်မှာအိုးတစ်လုံးတွေ့လိုက်တယ် ဒါပေမယ့် အိုးပေါ်မှာရေးထားတာက ‘ငပဲ့ပစ္စည်း’ဆိုပါလား ။ ဘေးနားတစ်ဝိုက်ကြည့်လိုက်ပြန်တော့လည်း လူသူအရိပ်ယောင်တစ်ယောက်မှမတွေ့ဘူးအထဲမှာဘာတွေပါလိမ့် ။ ဖွင့်ကြည့်လိုက်တော့ လားလား ရွှေတွေအပြည့်ပါလား ငါဘယ်လိုလုပ်ရပါ့???? အိုကွာ ငပဲ့ဟာမကလို့ ဘယ်သူ့ဟာပဲဖြစ်ဖြစ် ငါနဲ့ထိုက်လို့ငါရတာ ဒီနားမှာ ဘယ်သူမှရှိတာမှမဟုတ် ပဲ ရွှေအိုးကိုဈေးခြင်းတောင်းထဲ အသာထည့်ဝှက်လိုက်ပြီး ခရီးဆက်ခဲ့တယ် ။ အဲဒီညရွာတစ်ရွာရောက်သွားတော့ ရွာအစွန်ကအိမ်တစ်လုံးမှာ တစ်ညတာတည်းခိုဖို့ခွင့်တောင်းတော့ အိမ်ရှင်အဒေါ်ကြီးကလည်း သဘောကောင်းစွာအိပ်ခွင့်ပေးလိုက်ပါတယ် ။ ဈေးသည်လည်းရွှေအိုးကြီးပါလာတော့ စိတ်ချလက်ချမအိပ်နိုင်ဖြစ်နေတာပေါ့ သူတွေးတယ် အိမ်ရှင်ကိုပစ္စည်းအပ်ထားလိုက်ရင်တော့ ပိုလုံခြုံမှာပဲပေါ့ ဒါနဲ့ဈေးခြင်းတောင်းကို အိမ်ထဲမှာထားပေးဖို့ပြောတော့ ။သြော်သူငယ်ရယ် ရပါတယ်လုံခြုံပါတယ် စိတ်ချပါ ဒါနဲ့ မင်းခြင်းတောင်းထဲမှာ ဘာအဖိုးတန်တွေများပါလို့ စိတ်မချဖြစ်နေရတာလဲဟဲ့ ?ဘာမှမဟုတ်ပါဘူးဗျာ အတွင်းမှာ ကျနော့အိမ်ခပ်ဖို့နှမ်းဆီအိုးတစ်လုံးပဲ ၀ယ်လာတာပါတာပါပဲ ။ အိမ်ရှင်လည်းသေချာဖွင့်မကြည့်တော့ပဲ အိမ်အတွင်းမှာထားလိုက်လို့ပြောလိုက်တာပေါ့ ။
ဒါနဲ့ညလည်းရောက်ရော အိမ်ရှင်အဒေါ်ကြီးရဲ့ကိုယ်ဝန်သယ်သမီးငယ်ကဗိုက်အရမ်းနာလာပါလေရော ။ဟဲ့ဟဲ့ ရွာလည်ကလက်သယ်ဒေါ်ဘုမကိုသွားခေါ်သွားခေါ်ပေါ့ တစ်အိမ်လုံးလည်းအလုပ်များသွားကြတယ် ။ခရီးးသွားဈေးသည်ကတော့ ပင်ပမ်းလာတော့ ညသန်းခေါင်အိမ်ရှင်မိသားစု သမီးကလေးငယ်တော့မှာမို့ အလုပ်များနေတာမသိရှာပဲ အိပ်မောကျနေတာပေါ့ ။
လက်သယ်ဒေါ်ဘုမလည်းရောက်လာရော ဟဲ့ဟဲ့နှမ်းဆီရှိရင်နည်းနည်းယူခဲ့ နည်းနည်းယူခဲ့ဆိုမှ အဒေါ်ကြီးလည်းခေါင်းကိုက်သွားတယ် ဒီနေ့ညနေပဲ အိမ်မှာရှိတဲ့ဆီကိုအကုန်ခပ်လိုက်လို့မရှိတော့ဘူးလေ သြော်ဒါနဲ့ ဟိုအထမ်းဈေးသယ်လေးကတော့သူ့ခြင်းတောင်းထဲမှာ နှမ်းဆီအိုးပါလာတယ်ပြောတာပဲ သူ့နှိုးပြောနေရင် အိပ်ရေးပျက်နေပါ့မယ်လေ ကိုယ့်ဘာသာအနည်းငယ်ယူသသုံးပြီး မနက်မှပဲသူ့ပြောပြတော့မယ်လို့ ခြင်းတောင်းထဲကအိုးကိုလည်းလှပ်လိုက်ရော နှမ်းဆီမဟုတ်ပဲ ရွှေတုံးရွှေခဲတွေဖြစ်နေတာတွေ့ရတယ် နောက်စာကလည်းအတိကျရေးထားသေးတာကိုး ငပဲ့ပစ္စည်းတဲ့လေ အဖွားကြီးလည်းငါ့မြေးလေးအတွက်နတ်တွေရတနာတွေဖန်ဆင်းပေးလာတာပဲဖြစ်ရမယ်ဆိုပြီး ညတွင်းချင်း ဆီတစ်အိုးရအောင်ရှာပြီး ရွှေအိုးနဲ့လဲယူထားလိုက်တာပေါ့ ။ မွေးလာတဲ့ကလေးငယ်ကလည်း ထူးဆန်းစွာပဲ နှုတ်ခမ်းကအပဲ့လေးနဲ့မို့ မွေးပြီးပြီးချင်းနာမည်ရသွားတယ် ငပဲ့ ,ငပဲ့တဲ့လေ ။ ဈေးသယ်လေးလည်းမနက်ရောက်မှ ညကကလေးငယ်တဲ့အဖြစ်ကိုသိလိုက်ရတာပေါ့ ဒါနဲ့သူခရီးဆက်ထွက်ဖို့ အိမ်ရှင်ကိုမုန့်ခြင်းတောင်းတောင်းတော့ အိမ်ရှင်အဒေါ်ကြီးက ဟဲ့ကောင်လေး နင့်မုန့်တွေရော နှမ်းဆီအိုးရော သေချာပါမပါစစ်ကြည့်ဦးနော် တော်ကြာနောက်တစ်ခေါက်ပြန်လာနေရလို့….လို့ပြောရင်းပေးလိုက်သတဲ့။ အထန်းသမားလည်း အင်းစကားကတော်တော်ထူးဆန်းနေတယ် ခြေရာလက်ရာပျက်မပျက်စစ်ကြည့်မှလို့စစ်ကြည့်လိုက်တော့ ခြင်းထဲကရွှေအိုးက သူညကအိမ်ရှင်ကိုပြောခဲ့သလို နှမ်းဆီအိုးကြီးရောက်နေတာတွေ့လိုက်ရတယ် ဒီတော့မှသူ့စကားနဲ့သူမိပြီးဘာမှလည်းအိမ်ရှင်ကိုပြန်ပြောလို့မရတော့မှန်းသဘောပေါက်သွားတယ် ။ သြော်ရှေးလူကြီးသူမတွေဆုံးမထားတဲ့ ကံလျှင်ပေးမှ ဋ္ဌေးကြွယ်ဝ လောဘမမွန်နှင့် ဆိုတာသိပ်မှန်ပါလား တကယ်တော့ ပိုင်ရှင်ငပဲ့လက်အရောက် ငါရွှေအိုးကိုသွားအပ်နှင်းပေးရတဲ့သူပါလားလို့ တွေးရင်း လေးရိပျင်းတွဲ့စွာ ခရီးဆက်ခဲ့ပါတော့တယ်
by လင်္ကာ အရှင် on Wednesday, December 7, 2011 at 10:52am ·

No comments:
Post a Comment