ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြိးစိုးစံစဉ် ဘုရားအလောင်းသည်လက်ပံပင်တစ်ပင်၌ ရုက္ခစိုးနတ်မင်းဖြစ်နေလေသည်။ ထိုစဉ်ကဂဠုန်မင်းသည် မိမိကိုယ်ကိုယ် ဧရာမဂဠုန်ကြီးအဖြစ် ဖန်ဆင်း၍ အလံတစ်ထောင်ရှည်သည့် နဂါးမင်းကို အမြှီးဖျားမှသုတ်ချီကာ ပညောင်ပင်ဆီသို့ယူလာခဲ့၏။ နဂါးမင်းသည် ပညောင်ပင်ကို ကိုယ်လုံးဖြင့် ရစ်ပတ်ကာစွဲထားသော်လည်း ဂဠုန်မင်း၏ဆွဲအားကြောင့် ပညောင်ပင်ပါ အမြစ်မှကျွတ်၍ပါလာလေသည်။ ဂဠုန်မင်းသည် ဘုရားလောင်း၏ လက်ပံပင်ကြီးဆီသို့ ယူဆောင်ပြီး နဂါးအဆီကိုစားသောက်ကာ ကျန်သောခန္ဓာကိုယ်ကို သမုဒ္ဒရာထဲသို့ ပစ်ချလိုက်ရာ ပညောင်ပင်လည်းနဂါးနှင့် အတူပါသွားလေသည် သို့သော်ပညောပင်နှင့် အတူပါလာသော ငှက်မတစ်ကောင်သည် ပညောင်ပင်ကို စွန့်ခွါကာ ဘုရားအလောင်းရုက္ခစိုးပိုင်သော လက်ပံပင်ခွကြားသို့ လာနားလေ၏။ ရုက္ခစိုးနတ်သည် ထိုငှက်မကိုမြင်သော်တုန်လှုပ်သွား၏။ တုန်လှုပ်ရခြင်း၏ အကြောင်းးကိုဂဠုန်မင်းက မေးသောအခါ ရုက္ခစိုးက “သင်ဂဠုန်မင်းသည် အသားကိုစားသူဖြစ်သည်၊ ဤငှက်ကား အသီးကိုစားသူဖြစ်သည်။ ဤငှက်မက ညောင်သီးစသည်တို့ကိုစားပြီး ငါ၏အပင်ထက်၌ မစင်စွန့်ချလိုက်လျှင် ကျင်ကြီးထဲ၌ ပါလာသောညောင်စေ့သည် ညောင်ပင်ကြီးဖြစ်လာလျှက် ငါ့နေရာကိုမြှေးယှက်ကာ ငါ့ဘုံဗိမာန်ပါ ပျက်စီးရတော့မည်ကိုတွေးမိ၍ဖြစ်ပါသည်” ဟု ရှင်းပြလိုက်လေသည်။ ဂဠုန်မင်းလည်း ဘုရားလောင်းရုက္ခစိုးနတ်မင်း၏ အမြှော်မြင်ကြီးမှုကို ခြီးကျုးစကားပြောဆိုကာ ငှက်မကိုဝေးရာသို့ မောင်းနှင်ပေးလိုက်လေတော့သည်။
(ကောဋသိမ္ဗလိဇာတ်)
No comments:
Post a Comment