ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် ဒွန်းစဏ္ဍားမျိုး၌ဖြစ်ကာ အခါမဲ့သသစ်ပင်များကိုသီးစေနိုင်သော မန္တရားကိုတတ်မြောက်ကာ မန်းမှုတ်၍ရသော သစ်သီးများကိုဈေးတွင်ရောင်းချ၍ သားမယားကိုကျွေးမွေးပြုစုနေလေသည် ။ထိုစဉ် တက္ကသိုလ်ပြည်မှပညာသင်ပြီးပြန်လာသော ပုရောဟိတ်၏သားသည် ဘုရားလောင်းဒွန်းစဏ္ဍားနေသောရွာသို့ရောက်လာရာ ထိုအကြောင်းကိုသိသွားသဖြင့် ဘုရားလောင်းနေရာအိမ်သို့လိုက်သွားပြီး အိမ်မှုကိစ္စများကိုကူညီဆောင်ရွက်ပေးလေသည်။ ဘုရားလောင်းလည်းထိုကျေးဇူးများကိုထောက်ထား၍ အခါမဲ့အသီးသီးစေနိုင်သောမန္တာန်ကိုသင်ပေးလိုက်လေသည် သို့သော် သင်၏ဆရာမည်သူဖြစ်သနည်းဟုမေးလျှင် ဒွန်းစဏ္ဍားတစ်ယောက်ဖြစ်ကြောင်းအမှန်အတိုင်းဝန်ခံပြောကြားရမည် ၊ရှက်ပြီးလှီးလွှဲပြောဆိုလျှင်မန္တာန်စွမ်းအင်ပျက်စီးသွားလိမ့်မည်ဟု မှာကြားလိုက်လေသည်။ တစ်နေ့မင်းကြီးလည်း ပုရောဟိတ်သားအား မန္တာန်စွမ်းအင်ကိုပြသစေရာ သရက်ပင်ရှိရာသို့လျှောက်သွား၍ မန္တာန်ဖြင့်မန်းမှုတ်လိုက်ရာ တခဏချင်းပင် သရက်သီးများသီးပြီးမှည့်ဝင်းလာကာ မိုးသီးမိုးပေါက်ပမာကျွေကျလာခဲ့သည်။မင်းကြီးလည်းဆုလာဘ်များပေးသးနားတော်မူပြီး လုလင် သင်သည် ဤအစွမ်းထက်မြက်သောမန္တာန်ကို မည်သူ့အထံမှသင်ယူရရှိခဲ့ပါသနည်းဟုမေးရာ ဒွန်းစဏ္ဍားကြီးထံမှဟုအမှန်အတိုင်းပြောကြားရမည်ကိုရှက်သောကြောင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံသင်ယူခဲ့ပါသည်ဟု လိမ်ညာပြောဆိုလိုက်လေသည် ။မန္တာန်မှာလည်းထိုခဏချင်းမှာပင်ကွယ်ပျောက်သွားခဲ့လေသည် ။
နောက်ရက်များမကြာမီ မင်းကြီးသည်နောက်တစ်ကြိမ်ခေါ်၍ မန္တရားကိုမန်းမှုတ်ရန်စေခိုင်းရာ အစရှာမရပဲဖြစ်နေသဖြင့် မင်းကြီးကမေးမြန်းရာ ယနေ့နက္ခနှင့်မယှဉ်၍ အသီးမသီးစေနိုင်ပါဟု လိမ်ညာ၍လျှောက်ထားလိုက်ပြန်သည် ထိုအခါမင်းကြီးက “သင်သည် ရှေးအခါက နက္ခနှင့်ယှဉ်မှသာအသီးသီးစေနိုင်သည်ဟု မပြောဆိုခဲ့ပေ ယ္ခုမှသာ ပြောဆိုလာခြင်းဖြစ်သည် အမှန်အတိုင်းသန်တော်ဦးတင်လော့”ဟုစစ်မေးသောအခါတွင်မှ ဒွန်းစဏ္ဍားကြီးတစ်ယောက်ဆီမှ သင်ယူခဲ့ကြောင်းလျှောက်ထားလေရာ “ဤလူသည်လူယုတ်မာဖြစ်သည် မန္တရား၏တန်ဖိုးကိုမကြည့်ပဲ အမျိုးနွယ်ကိုသာကြည့်သူဖြစ်သည် မြတ်သောမန္တရားကိုရလျှင် အမျိုးနွယ်မှာ အဘယ်အကျိုးရှိအံ့နည်း ”ဟုမိန့်တော်မူကာ နန်းတွင်းမှ နှင်ထုတ်လိုက်လေသည်။
(အမ္ဗဇာတ်)
by လင်္ကာ အရှင် on Friday, November 11, 2011 at 8:02am ·

No comments:
Post a Comment