တစ်ခါက ပင်လယ်အနီးတောအုပ်ကြီးကသစ်ပင်ကြိးတစ်ပင်မှာ ငှက်အုပ်နှစ်အုပ်တို့နေထိုင်ကြသတဲ့ ငှက်အုပ်တစ်စုရဲ့ ခေါင်းဆောင်ငှက်မင်းကြီးကတော့ အင်မတန်အမျှော်အမြင် ညာဏ်ပညာနဲ့ပြည့်စုံသတဲ့ ဒါပေမယ့် အခြားငှက်အုပ်ခေါင်းဆောင်ငှက်မင်းကြီးကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့တွေး အဲလိုပဲနေထိုင်ကြသတဲ့ ။ တစ်ညမှာတော့ သူတို့နေတဲ့ သစ်ပင်ကြီးရဲ့ သစ်ကိုင်းနှစ်ခုကလေတိုက်တိုင်းပွတ်တိုက်ပြီး မီးဖြစ်ကာ အောက်ကသစ်ရွက်ခြောက်တွေပေါ်ကျပြီးတော့ မီးခိုးတွေအူနေတာကို ပညာရှိငှက်မင်းကြီးက တွေ့သွားပြီး ‘အင်း ဒီအတိုင်းသာဆို မကြာခင်တောမီးလောင်ပြီး ငှက်အပေါင်းတော့ ဘေးဒုက္ခရောက်တော့မှာပဲ’လို့ တွေးမိပြီး ချက်ချင်းငှက်တို့အစည်းဝေးခေါ်ပြီး ဒီအကြောင်းကိုရှင်းပြကာ အိပ်တန်းတက်နေရာ နယ်ပယ်သစ်ရှာကြဖို့ အကြံပြုလိုက်သတဲ့ ဆိုဆုံးမလွယ်ကူတဲ့ သူ့နောက်လိုက်ငှက်တွေကတော့ အဲဒီငှက်မင်းကြီးနဲ့ အတူတူလိုက်အသိုက်ပြောင်းကြဖီု့ သဘောတူ ဆန္ဒမဲပေးလိုက်ကြတယ် ။
ဒါပေမယ့် အခြား ငှက်အုပ်တို့ရဲ့ ခေါင်းဆောင်ကြီးက နေရာပြောင်းကြဖို့ဆိုတာကို လုံးဝလုံးဝခါးခါးသီးသီးငြင်ဆန်လိုက်ပြီး သူကဒီလိုမှတ်ချက်ပေးလိုက်သေးသတဲ့ ‘ အဲဒီငှက်ပြောတိုင်း အရူးပြော အနှမ်းယုံတယ်ပေါ့လေ လိုက်ချင်တဲ့ကောင်တွေလည်း အဲဒီကောင်နောက် တစ်ခါတည်းလိုက်သွားကြ ဒါဒီမိုကရေစီပဲတဲ့ ဒါပေမယ့် ဒိလောက်ရေခံမြေခံကောင်း ပြီး လုံခြုံမှုအပြည့်ရှိတဲ့ဒီတောအုပ်ထဲကိုတော့ ပြန်လာလီု့ရမှာမဟုတ်ဘူးနော် ၊ တို့တွေရဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ဒီတောအုပ်ဟာ တစ်ခါမှ မီးမလောင်ခဲ့ဖူးဘူး ရေကိုမီးလောင်တယ်လို့များ မင်းတို့ကြားဖူးကြလို့လား အလကား ရေအိုးထဲမှာ မိချောင်းတွေ့ပါတယ်ဆိုတဲ့ ကောင့်စကား ယုံတဲ့ကောင်တွေလည်း လိုက်သွားပလေ့စေ မတားကြနဲ့“ တဲ့လေ ။
ဒီလိုနဲ့ ငှက်အုပ်စုနှစ်ခုကတော့ ဘေးကိုကြိုမြင်ပြီးခွဲထွက်သွားခဲ့တယ် လကွယ်သန်းခေါင် ညတစ်ညမှာတော့ လေတိုက်လို့ သစ်ကိုင်းနှစ်ခုပွတ်တိုက်ရာကမီးဖြစ်လာပြီး အောက်ကသစ်ရွက်ခြောက်တွေပေါ်ကျပြီးမီးထလောင်တယ်လေ ။ ငှက်တွေဆိုတာလည်း နေ့ခင်းသာမြင်မြင်ထင်ထင်ပျံနိုင်ကြတာ ညကျတော့ ဘယ်ပျံနိုင်ကြမှာလဲ ဒီကြားထဲ မိုးမှောင်ကကျ လကွယ်ညကဖြစ်သေး သူတို့မှာမှီးတွေတစ်ဟုန်းဟုန်းထတောက်လို့ မီးခိုးတွေအပူငွေ့တွေလာဟပ်မှာ ထင်ရာမြင်ရာရမ်းသမ်းပျံကြရင်း သစ်ပင်သစ်ကိုင်းနဲ့တိုက်မိပြီး ရင်ပွင့်သေတဲ့ငှက်ကသေနဲ့ပေါ့ သားပျောက်သမီးပျောက်နဲ့ တောထဲရွာလည်တဲ့ငှက်ကလည်နဲ့ ငှက်တွေကမ္ဘာပျက်သွားရတယ် အားလုံးထွက်ပေါက်မဲ့သေဆုံးသွားကြရရှာတယ်တဲ့လေ ။
( ကဲပုံပြင်လေးကတော့ ဒါပါပဲကလေးတို့ရေ သင်္ခန်းစာယူရမှာက ဟာ ဒါအသေးဖွဲကိစ္စလေးပါ ငါတို့နဲ့ဘာဆိုင်တာမှတ်လို့လို့ အဲလို ပေါ့ပေါ့တွေးပေါ့ပေါ့ရေးတော့မလုပ်သင့်ကြဘူးပေါ့ ၊ အမှိုက်ကစ ပြဿဒ်မီးလောင်တယ်ဆိုတာ ဒီပုံဝတ္ထုလေးကနေ ဖြစ်ပေါ်လာခဲ့တာဖြစ်မှာပါပဲ )
by လင်္ကာ အရှင် on Tuesday, December 13, 2011 at 8:20am ·

No comments:
Post a Comment