Friday, March 23, 2012

*ပရိယတ္တိဗဟုလော နော ဓမ္မ၀ိဟာရီ*

     ဦးဇင်းတှို့ ဘုရားရှင်လက်ထက်တော်အခါက သ၀တ္ထိမြို့တံခါးအနီးမှာ ငါးရာသောတံငါသည်တို့နေထိုင်ကြလေသည်။ သူတို့သည် ကဿပဘုရားရှင်လက်ထက်တော်အခါကလည်း ခိုးသားငါးရာဖြစ်ခဲ့ကြပြိး ရွာသူရွာသားများကလိုက်လံဖမ်းဆီးကြရာ ပြေးပေါက်မရှိသဖြင့်တောရကျောင်းတစ်ခုအတွင်းဝင်ကာ တောနေရဟန်းတော်အား ကူညီပါရန်အသနားခံလျှောက်ထားကြလေသည် ။ထိုမထေရ်က" တကာတို့အကုသိုလ်အကျိုးကလိုက်လာပြီဆိုလျှင် မည်သည့်နေရာမှသွားပုန်းခို၍ လွတ်မြောက်နို်င်မည်မဟုတ်ချေ ၊ ယ္ခုအချိန်၌ သင့်တို့အားသီလမှတစ်ပါး အခြားကိုးကွယ်ရာမရှိတော့ပေ"ဟုဆိုကာ ငါးပါးသီလဆောက်တည်ခိုင်းလေသည်။ခိုးသားငါရာ သီလစောက်တည်ပြီးလျှင်ပင် ရွာသားတို့ရှာဖွေတွေ့ရှိသွားကြပြီး ရိုက်နှက်သတ်ဖြတ်လိုက်ကြလေသည်။ခိုးသားငါးရာတို့လည်း ရွာသားတို့အပေါ်စိတ်ဖြင့်ပင်အမျက်မထွက်မပစ်မှားကြပဲ သီလကိုလုံခြုံစွာနဲ့ပဲ အသေခံသွားကြရာ နတ်ပြည်၌ နတ်သားငါးရာ သွားဖြစ်ပြီး ဘုရားနှစ်ဆူတို့အကြားနတ်စည်းစိမ်ကို ခံစားကြရလေ၏။
           ဦးဇင်းတှို့ဘုရားရှင်လက်ထက်ရောက်သောအခါ၌ကား သာဝတ္ထိပြည်တံခါးအနီးမှာ တံငါသည်များအဖြစ်တစ်စုတစ်ဝေးကြီးလာဖြစ်ကြလေသည်။ တစ်နေ့သောအခါ ငါးဖမ်းကြရင်းက အစီရ၀တိမြစ်ထဲမှ ရွှေရောင်အဆင်းရှိပြီး အလွန်အင်မတန်လှပသည့်ငါးကြီးတစ်ကောင်ကိုဖမ်းမိကြလေသည်။ ထိုရွှေအဆင်းရှိသောငါးကြီးကိုကောသလမင်းကြီးထံဆက်သကြရာ မင်းကြီးလည်းအလွန်စိတ်ဝင်စားသွားလေသည် ။ကံမကောင်းအကြောင်းမလှလို့တိရစ္ဆာန်ဘ၀ရောက်ရပါလျှက် အဘယ့်အတွက်ကြောင့်များရွှေအဆင်းကဲ့သို့လှပနေရပါလိမ့် ငါတို့လူသားပင်လျှင် ရွှေရောင်တစ်ဝင်းဝင်းနှင့်လူသားကိုမမြင်ဖူးပေ ဒီအကြောင်းဘုရားရှင်အားလျှောက်ထားမည်ဟုဆိုကာ ။ထိုတံငါးသည်တို့ကိုရွှေငါးကြီးအားဆောင်ယူစေလျှက် ဇေတ၀န်ကျောင်းသို့ရောက်ရှိလာကြလေသည်။
  ဇေတ၀န်ကျောင်းတော်ရောက်၍ ထိုငါးကြီးပါးစပ်ဟလိုက်သောအခါ၌ကား ကျောင်းတိုက်တစ်ခုလုံး အပုပ်နံ့များလွှမ်းသွားလေတော့၏ ။ထိုအခါကောသလမင်းကြိးမှာ အံ့သြလွန်းမကအံ့သြလျက် ရွှေအဆင်းရှိရခြင်းအကြောင်းနဲ့ ခံတွင်းမှအပုပ်နံ့တထောင်းထောင်းထရခြင်းအကြောင်းကို ဘုရားရှင်အားလျှောက်ထားရာ ဘုရားရှင်က
                “မင်းကြီး ဤငါးကြီးသည် ကဿပဘုရားရှင်လက်ထက်တော်အခါက ကပိလအမည်ရသောရဟန်းတစ်ပါးဖြစ်ခဲ့သည်။ ပိဋကသုံးပုံဆောင်ဖြစ်ကာ ပရိယတ်ကျမ်းဂန်များသင်ကြားပို့ချနိုင်သဖြင့် အခြံအရံနှင့် လာဘ်လာဘကိုမှီ၍ မာန်မာနနှင့်လောဘတို့ကြီးပွားကာ မည်သူ့စကားမျှမနာယူခဲ့ပဲနေခဲ့၏။
                     အပ်သည်ကိုမအပ် ၊မအပ်သည်ကိုအပ်၏ ၊အပြစ်ရှိသည်ကိုမရှိ အပြစ်မရှိသည်ကိုရှိ၏ဟု ဆိုခဲ့၏။ဤသို့ဖြင့်ကဿပဘုရားရှင်သာသနာတော်ဟာ ဆုတ်ယုတ်ပျက်စီးရလေသည်။ထိုအကုသိုလ်ကံကြောင့်ကပိလရဟန်းလည်းအ၀ီစိသို့ကျလေသည်။
ဘုရားရှင်၏ဒေသနာတော်များကိုပို့ချခြင်း ၊ဘုရားရှင်ဂုဏ်တော်များကိုချီးကျုးခြင်းတို့ကြောင့် ရွှေအဆင်းကဲ့သို့လှပတင့်တယ်ရ၏။
မိမိစကားကိုမနာယူသောရဟန်းတို့အားဆဲရေးခဲ့သဖြင့်ခံတွင်းမှအပုပ်နံ့ထွက်ရလေသည်ဟု အကြောင်းအကျိုးကိုခွဲခြားဟောကြားပြတော်မူလိုက်လေသည်။
  ထို့နောက်ဘုရားရှင်က “အိုငါးကြီး သင်သည်ကပိလရဟန်းဖြစ်ခဲ့သည်မှာမှန်ပါသလော”ဟုမေးတော်မူရာ
“အရှင်ဘုရား၊မှန်ပါသည်။ တပည့်တော် ကပိလရဟန်းဖြစ်ခဲ့ပါသည်”ဟု ငါးကြိးကဖြေလေ၏။
”သင် ဘယ်အရပ်မှလာသနည်း”
"တပည့်တော်အစီစိမှလာခဲ့ပါသည်ဘုရား”
“သင့်နောင်တော်ကြီးဖြစ်ခဲ့သော သာဂတမထေရ် အဘယ်သို့ရောက်သွားသနည်း”
“ပရိနိဗ္ဗာန် စံသွားပါပြီဘုရား”
“သင်၏မိခင်သာဓိနီ နှင့်နှမကလေးတာပနာတို့ ယ္ခု ဘယ်ရောက်နေကြသနည်း”
“တပည့်တော်ဘက်ကနေ၍ ရဟန်းတို့ကို ဆဲရေးခဲ့သောကြောင့် အ၀ီဝိငရဲမှာရောက်နေကြပါသည်ဘုရား”
“ယ္ခုအသင် ဘယ်သို့သွားမည်နည်း”
“တပည့်တော်အ၀ီစိသို့ သွားရပါလိမ့်မည်ဘုရား”
      ဘုရားရှင်၏မေးခွန်းများကိုဖြေကြားပြီးလျှင် ကပိလငါးကြီးသည် စိတ်မချမ်းမသာဖြစ်ကာ လှေကိုဦးခေါင်းဖြင့်ရှိုက်၍အဆုံးစီရင်သွားကာ အ၀ီစိငရဲသို့တစ်ဖန်ကျခံရပြန်လေ၏။
  ဘုရားရှင်လည်းကပိလငါးအကြောင်းပြုကာ တရားတော်ကိုဟောကြားပြသရာ ထိုတံငါငါးရာတို့လည်းသာသနာ့ဘောင်ဝင်ရောက်ရဟန်းပြုကြကာ ရဟန္တာထေရ်ရှင်များဖြစ်သွားကြလေသည်။
   ဆိုလိုသည်မှာ ပရိယတ်အကျော်ဆရာတော်ကြီးပင်ဖြစ်ချင်ဖြစ်နေပါစေ ၊ သာသနာအဓွန့်ရှည်ကြောင်းဆိုပြီး စာသင်စာချအလုပ်တွေမည်မျှပင်အားထုတ်ခဲ့ပါစေ ၊အမှားလုပ်ရင်တော့ တရားဓမ္မက ငဲ့ညှာမျက်နှာလိုက်မှာမဟုတ်ပါဘူး ။ မိမိကမှန်တယ်ထင်လို့ပြောဆိုဟောကြားနေပေမယ့်လည်း ဘုရားမဟောတာတွေကိုအဟောလုပ်ပြီး ဟောတာတွေကိုမဟောလုပ်ခဲ့မယ်ဆိုရင် သာသနာကွယ်ပစေနိုင်တဲ့အတွက် အပြစ်ကမသေးဘူးလို့သိစေချင်တာပါပဲ။
(ဥပါသကာကျင့်ဝတ်ဆယ်ပါးတွင်`ဘုရားသာသနာတော် ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက်စည်ပင်ခြင်းငှါ လုံ့လ စိုက်ထုတ်၏။´ဟူသော ဂုဏ်အင်္ဂါတစ်ပါး ပါပါသည်။ သာသနာတော်ပျက်ပြားဆုတ်ယုတ်အောင် ပြုလုပ်သည့်ဘက်က မနေဘဲ ကာကွယ်သည့်ဘက်မှ ပါဝင်နိုင်ကြသော ဥပါသကာကောင်းများ ဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း)
                           by လင်္ကာ အရှင် on Thursday, December 29, 2011 at 2:26pm

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..